Monday, May 28, 2012

အသားလှုပ်အဟော

ထိပ်လှုပ်မူ အကြီးအကဲမစအံ့၊ နှာခေါင်းလှုပ်မူ ချစ်ခင်သူနှင့် တွေရအံ့၊ အထက်နှုတ်ခမ်းလှုပ်မူ
ရန်သူနှင့်တွေ့ရအံ့၊ အောက်နှုတ်ခမ်းလှုပ်မူ အစားကောင်းစားရအံ့၊ မေးလှုပ်မူ ရန်ဖြစ်ရအံ့၊ လည်ပင်းလှုပ်မူ
 တန်ဆာရအံ့၊ ကျောက်ကုန်းလှုပ်မူ အ၀တ်အထည်ရအံ့၊ ချက်လှုပ်မူ ဥစ္စာရအံ့၊ ခါးလှုပ်မူ ပစ္စည်းပျောက်အံ့။
ဦးကင်းလှုပ်မူ သောကရောက်အံ့၊ မျက်ခုံးလှုပ်မူ လာဘ်ရအံ့၊ မျက်ခမ်းလှုပ်မူ ဘေးတွေ့အံ့၊ နှာခေါင်းလှုပ်မူ ၀မ်းမြောက်ရအံ့၊ ပါးလှုပ်မူ ဥစ္စာရအံ့၊ နားလှုပ်မူ လာဘ်ရအံ့၊ ခါးလှုပ်မူ အ၀တ်အစားရအံ့၊ ရင်ဘတ်လှုပ်မူ မကောင်းသတင်းကြားရအံ့၊ ဆီးစပ်လှုပ်မူ အကြီးအကဲ မျက်အံ့၊ တင်သားလှုပ်မူ လာဘ်ရအံ့၊ ပေါင်သားလှုပ်မူ ရန်တွေ့အံ့၊ ပခုံးလှုပ်မူ ဥစ္စာရအံ့၊ လက်ဝါးလှုပ်မူ ရွှေငွေရအံ့၊ ဒူးလှုပ်မူ စိတ်ဆင်းရဲအံ့၊ ခြေသလုံးလှုပ်မူ မိန်းမနှင့် စကားများရအံ့။

No comments:

Post a Comment