Sunday, December 2, 2012

ဆောင်းရာသီတွင် လေဖြတ်ခြင်း ကင်းစေရန်


ဆောင်းရာသီမှာ အသက်ကြီး သူတွေ လေဖြတ်နိုင်ခြေ များပါတယ်။ အထူး သဖြင့် သွေးတိုးရောဂါရှိပြီး သွေးဖိအား ကို ကောင်းကောင်း ထိန်းချုပ်မှုမရှိရင်၊ သွေးတွင် မကောင်းတဲ့ အဆီတွေ များနေရင်၊ ဆေးလိပ်သောက်သုံးမှု များလွန်းရင်..စတဲ့ အကြောင်းတွေ ကြောင့် လေဖြတ်နိုင်ခြေများပါတယ်။ လေဖြတ်မှုကင်း အောင် ကောင်းတဲ့ ကိုလက်စထရော မြင့်မားနေဖို့လိုပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက် စားပြီး လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးဖို့ လိုပါတယ်။

မျက်ခုံးဖြူငှက်ပြာခြောက် မျိုးသုဉ်းမည့် အန္တရာယ်ရှိ


မျက်ခုံးဖြူငှက်ပြာခြောက် မျိုးသုဉ်းမည့် အန္တရာယ်ရှိမြန်မာနိုင်ငံ အနောက်ပိုင်း ချင်း ပြည်နယ် နတ်မတောင် ဒေသ အမျိုးသား ဥယျာဉ် တွင်သာ ကျက်စားသည့် ငှက်ဖြစ်သော မျက်ခုံးဖြူ ငှက်ပြာ ခြောက်မျိုးမှာ ပေ (၇၅၀ဝ မှ ၈၀ဝ)ကြား တွင် တွေ့ရပြီး မျိုးသုဉ်းမည့် အန္တရာယ် ရှိသော ငှက်မျိုးစိတ် ဖြစ်သည်။

ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်


သင့်ကလေးက ကျောင်းစာကို ကြိုးကြိုးစားစား လေ့လာပေမယ့် ကျောင်းတွင်းအဆင့်တွေ ကျနေရင်၊ လူမှုရေး ပျက်ကွက်နေရင် ဒါက သင့်ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အဟန့်အတားပေးနေတဲ့ အချက်သုံး ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ


မကြာခဏခေါင်းလျှော်ခြင်း
တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ပုံမှန်ခေါင်း လျှော်တာက သင့်ဦးရေပြား ပေါ်က အညစ်အကြေးတွေနဲ့ ချွေးတွေ ကို သန့်စင်စေနိုင်ပေမယ့် တစ်နေ့ တည်းမှာ နှစ်ကြိမ်လောက် ခေါင်းလျှော် တာမျိုးနဲ့ မကြာခဏဆိုသလို ခေါင်းလျှော်ရည်တွေနဲ့ ခေါင်း လျှော်နေ တာကြောင့် သင့်ဦးရေပြားခြောက်သွေ့ စေပြီး သဘာဝအဆီတွေကို ခန်းခြောက်စေနိုင်ပါတယ်။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ထ စေနိုင်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် လောက်သာ ပုံမှန်ခေါင်းလျှော်ပါ။

လက်အရေပြားကွာခြင်းအတွက်


မေရီလန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဆောင်းတွင်းမှာ လက်အရေပြား ကွာတာဟာ အဖြစ်အများဆုံး အလှအပဆိုင်ရာ ရောဂါ တစ်ခုပဲဖြစ်ပါ တယ်။ လက်အရေပြား ကွာတာဟာ နာကျင်ခံစားမှု သိပ်မရှိလှပေမယ့် အရမ်းရုပ် ပျက်ပါတယ်။ အစား အသောက် စားတဲ့အခါမှာပဲဖြစ်ဖြစ် လက်အရေ ပြားကွာနေတာကြီးကို မြင်ရတာ ဖြစ်သူ၊ မြင်သူ နှစ်ဖက်စလုံး စိတ်ကသိကအောက် နိုင်လှပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အကြီး အမားကြီး အထိဖြစ်သွားနိုင်တဲ့ ပြဿဒ် မီးလောင်ကိစ္စဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလုပ် အများဆုံး အစိတ်အပိုင်းတွေထဲမှာ လက်တစ်စုံ လည်း အပါအဝင်ဖြစ် ပါတယ်။ ဒီလက်ဟာ အနုရော၊ အကြမ်းရော အစုံလုပ်နေရပါ တယ်။ အကြမ်းပတမ်းလုပ်ရပြီဆို ရင်လည်း လက်ဟာရှေ့ဆုံးက ပါလေ့ရှိသလို အနုအရွအလှအပ အတွက်ဆိုရင်လည်း ဒီလက်ဟာ ရှေ့တန်းကနေပါဝင်နေပါတယ်။ ဒီလို စွယ်စုံရတဲ့ လက်ဟာ ဆောင်း တွင်းရောက်ပြီဆိုရင် ကြမ္မာငင်ပြီး အရေပြားတွေဟာကွာလာ တတ်ပါတယ်။ ပြင်ပရာ သီဥတုက လည်း အေးစက်နေပြီး ဆောင်းလေ အေးတွေတိုက်နေတာမို့ အရေပြား ဟာ ခြောက်သွေ့ပြီးအရေပြားကွာ လာတတ်ပါတယ်။