Tuesday, August 14, 2012

မျက်နှာပေါ်မှာ အမဲအစက် အပြောက် ကင်းအောင်


မျက်နှာပေါ်မှာအမဲအစက်အပြောက်ကင်းအောင်







အမျိုးသမီးများ အနေနဲ့ အသက်အရွယ် ကြီးလာတဲ့ အခါ ရင်ဆိုင်ရမယ့် အလှ အပဆိုင်ရာ ပြဿနာဟာ အိုမင်းရင့်ရော်လာခြင်း၊ အရေး အကြောင်းပေါ်လာကာ ပါးရေ တွန့်ခြင်းပဲ မဟုတ်ပါဘူး။ နုပျိုစေတဲ့ အလှကုန်ပစ္စည်းကြော်ငြာတွေကြောင့် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ မျက်နှာမှာ မှဲ့ခြောက်၊ တင်းတိပ်နဲ့ အမဲအစက် အပြောက်များ ထွက်ပေါ် လာနိုင်ပါတယ်။
ဒါ့အပြင် အသားအရေဟာ ငယ်ရွယ်စဉ်တုန်းကလို ကြည်စင်နုပျိုနေခြင်းမရှိတော့ဘဲ အရောင်ပြောင်းလာ တာကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ၂ခုရှိပါတယ်။ ပထမတစ်ခုကတော့ နေပူပူ မိုးရွာရွာ အပြင်ထွက်တဲ့အခါတိုငှ်းင်္ဏ ၂၀ ပါဝင် တဲ့ နေလောင်ဒဏ်ခံလိမ်းဆေး သို့မဟုတ် ဖောင်ဒေးရှင်း မိတ်ကပ်တစ်ခု လိမ်း ပါ။ ဒုတိယနည်းလမ်းကတော့ အသားအရေမွဲခြောက်မှုကို ပြန်လည်ပြုပြင်ပေးနိုင် တဲ့ နေ့စဉ်သုံး အသားအရေ ထိန်းပစ္စည်းကို အသုံးပြုပါ။ မျက်နှာရှိ အစက် အပြောက်များကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဗီတာမင် ဃ ၊ူငခသမငခန တို့ ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းကို ရွေးချယ်ဝယ်ယူပါ

အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့ ခက်ခဲ


အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့  ခက်ခဲ











နယူးယောက်မြို့ The Albert Einstein College of Medicine မှ သုတေသီ များက အိုသွေး ပိုင်ရှင် အမျိုးသမီးများဟာ အခြားသွေး အုပ်စုပိုင်ရှင် အမျိုးသမီး များထက် မမျိုးဥအရေအတွက်နှင့် အရည် အသွေး ပိုမိုလျော့ နည်းနေကြောင်း တွေ့ရှိခဲ့ ရပါတယ်။
ဒါဟာ အမျိုးသမီးတွေမှာ သွေးအုပ်စုဟာ သူမရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းကို လွှမ်းမိုးမှုရှိကြောင်း ပထမဦး ဆုံးတွေ့ ရှိမှု ဖြစ်ပါ တယ်။ နှိုင်းယှဉ်ပြီး ပြောရရင် အေသွေး ပိုင်ရှင် အမျိုးသမီးများကတော့ အခြားသွေး အုပ်စုပိုင်ရှင်တွေထက် အရည်အသွေး ရော၊ အရေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ မမျိုးဥတွေ ကို ပိုင်ဆိုင်ပါတယ်။ အိုသွေးပိုင်ရှင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းဟာ အသက်အရွယ် ကြီးရင့်လာ တာနဲ့အမျှ ကျဆင်းလာတာကြောင့် အိုသွေးပိုင်ရှင် အမျိုးသမီး များအနေနဲ့ ကလေးကို စောစီးစွာယူသင့်ကြောင်း သိရပါတယ်။

မျက်တောင်ခြယ် ဆေးသုံးသူ ပျိုမေများ သတိထား

မျက်တောင်ခြယ် ဆေးသုံးသူ ပျိုမေများ သတိထား












မျက်တောင်ခြယ်ဆေး သို့ မဟုတ် မက်စ်ကာရာ (Mascara) သုံးရာမှာ အသုံးပြုတဲ့ တုတ်တံလေး ကို သတိထားပါ။ ယင်းက သင့်ကို အန္တာရာယ်ပေးနိုင် လို့ ဖြစ်တယ်။ ကော စမတ်တစ်အသုံးပြုမှုနှင့် ဆက်စပ်တဲ့ အများဆုံးဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာ ရခြင်းကတော့ မျက်တောင်ခြယ်ရာမှာ သုံးတဲ့ တုတ်တံလေးနှင့် မျက်စိ ခြစ် မိခြင်းပဲဖြစ်တယ်။ ဒါ့အပြင် ၃ လ ကျော်ကြာပြီဖြစ်တဲ့ မျက်တောင်ခြယ် ဆေးဘူးထဲမှာ ကူးစက်ရောဂါ ဖြစ်စေ တဲ့ ပိုးတွေ ခိုအောင်းနေတတ်တယ်။ အိပ်ရာထဲမဝင်ခင် မျက်တောင်ခြယ် ဆေးကို ဆေးကြောပစ်ဖို့ သတိရပါ။ သင်အိပ်နေစဉ် မျက်တောင်ခြယ် ဆေးက အမှုန့်စလေးများြွေကပြီး မျက်စိထဲဝင်နိုင်ပါတယ်။ အဲဒီအခါ မျက်စိယားယံခြင်း၊ မျက်စိနီမြန်းခြင်း၊ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း၊ ဒါမှမဟုတ် ကူးစက်ရောဂါဝင်ခြင်းတောင်ဖြစ်နိုင် ပါတယ်

အိပ်ချိန် များလေ ကိုယ်အလေးချိန် ကျလေ


အိပ်ချိန် များလေ ကိုယ်အလေးချိန် ကျလေ






စဉ်ဆက် မပြတ် ပြုလုပ် လျက်ရှိတဲ့ အသစ်တွေ့ ရှိနေရတဲ့ သက်သေပြမှုအရ အိပ်ရေးဝ၀ အိပ်စက်နိုင်ခြင်း သည် ကိုယ်အလေးချိန် ထိန်းရာတွင် အရေးကြီးသောနေ ရာမှ ပါဝင်ကြောင်း သိရပါတယ်။ Mayo Clinic ၏ လေ့လာချက် သော အိပ်စက်ခြင်း လိုအပ်ကြောင်း တွေ့ထားရပါတယ်။