Thursday, August 23, 2012

Enzyme အင်ဇိုင်းဆိုသည်မှာ


ငယ်ငယ်တုန်းက သိပ္ပံဘာသာ မှာ သင်ခဲ့ တာကတော့ အင်ဇိုင်းဆို သည်မှာ ဓာတ်ပြုမှု တစ်ခုတွင် အလွယ် တကူ ဓာတ်ပြောင်းလဲရန် ဆောင်ရွက် ပေးနိုင်ပြီး ကိုယ်တိုင်ဓာတ်ပြောင်းလဲ ခြင်းမရှိပါဆိုတာလောက်ပဲ သိခဲ့ကြရ ပါတယ်။ ယခုကဲ့သို့အလွယ်တကူရှာယူ ဖတ်နိုင်သော အင်တာနက်မရှိသလို သွားရှာဖွေဖတ်ရန် စာကြည့်တိုက် လည်းမရှိခဲ့ပါ။ စာကြည့်တိုက်ရှိဦးတော့ အဲဒီအကြောင်းကို ဂဃနဏ သိဖို့ ရေးသားထားတဲ့ စာအုပ်မျိုး စာကြည့် တိုက်ထဲမှာ မရနိုင်ပါ။
ယခုခေတ်မှာ တော့ ကလေးတွေ၊ လူငယ်တွေ မိမိသိချင်တဲ့ အကြောင်းအရာကို အင်တာနက်ပေါ်မှာ ရိုက်ချလိုက်ရုံဖြင့် အကြောင်းအရာရော ရုပ်ပုံတွေပါ အစုံအလင် ရှာကြည့်ဖတ်ကြည့်နိုင် ပါပြီ။ လှုပ်ရှားမှု တစ်ခုခု၌ ကလာပ် စည်းတစ်ခုခု၏ အတွင်းရှိ အလုပ် တွေအားလုံး ပြီးစီးနေရခြင်းဟာ အင်ဇိုင်းတွေကလုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။ သင်ဟာအင်ဇိုင်းတွေ အကြောင်း နားလည်သွားပြီဆိုရင် ကလာပ်စည်းတွေ အကြောင်းလည်း နားလည်သွားမှာဖြစ်တယ်။ အီးကိုလိုင် (E.coli) ခေါ် ဗက်တီးရီးယားလေး တစ်ကောင်မှာတောင် အင်ဇိုင်းအမျိုး အစားပေါင်း ၁၀ဝ၀ လောက်ပါဝင်ပြီး ၄င်းတို့ဟာ ပေးထားတဲ့ အချိန်တစ် ခုခုမှာ ကလာပ်စည်းရဲ့ ဆိုက်တိုပလာ ဇမ်ထဲမှာ ပေါလောမျောလျက်ရှိပါ တယ်။ အင်ဇိုင်းများတွင် အလွန်စိတ်ဝင် စားစရာကောင်းလှသော သတ္တိများရှိ ကြပါတယ်။ ထိုဂုဏ်သတ္တိများက အင်ဇိုင်းများအား ဓာတုဆိုင်ရာ ဓာတ်ပြုစက်ကလေးများကဲ့သို့ ပြုလုပ် ပေးလိုက်ပါတယ်။ ကလာပ်စည်းတစ်ခု ထဲရှိ အင်ဇိုင်းတစ်ခု၏ ရည်ရွယ်ချက် မှာ ဓာတုဓာတ်ပြုမှုများက အလွန် လျင်မြန်စွာ ပြုလုပ်ခွင့်ပေးရန် ဖြစ်ပါ တယ်။ ဤဓာတ်ပြုမှုများက အရာ ဝတ္ထုများ တည်ဆောက်ရန် သို့မဟုတ် လိုအပ်တဲ့ အရာဝတ္ထုများအဖြစ် နေရာ က ကလာပ်စည်းတစ်ခု ဘယ်လိုကြီး ထွားလာသလဲ၊ ဘယ်လိုမျိုးပွားသလဲ ဆိုတာပဲဖြစ်ပါတယ်။ အခြေခံအကျဆုံး အချက်ကတော့ လူ့ခန္ဓာကိုယ်ထဲက အသေးဆုံးယူနစ်ဖြစ်တဲ့ ကလာပ်စည်း တစ်ခုဟာ အင်ဇိုင်းများဖြင့် ထုတ်လုပ် ထားကြတဲ့ ဓာတုဓာတ်ပြုမှုများနှင့် ပြည့်နေလျက်ရှိတဲ့ လွယ်အိတ်ကြီး တစ်လုံးလိုပါပဲ။
အင်ဇိုင်းတွေကို အသားဓာတ် (ပရိုတင်း) များဖြစ်တဲ့ အမိုင်နိုအက်စစ် များမှ ပြုလုပ်ထားတာဖြစ်တယ်။ အင်ဇိုင်းတစ်မျိုးဖွဲ့စည်းပြီးချိန်မှာ အမိုင်နိုအက်စစ်ခေါ် ပရိုတင်းပေါင်း ၁၀ဝ မှ ၁၀ဝ၀ အထိ သီးသီးသန့် သန့်လေး သို့မဟုတ် ပြိုင်စံကင်းတဲ့ အစဉ်လိုက်ပေါင်းစပ်မှုကြီးအဖြစ် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အမိုင်နိုအက်စစ်ခေါ် ပရိုတင်းဓာတ် လေးတွေ အတွဲလိုက်ကြီး ပြိုင်ဘက် ကင်းလှပတဲ့ ပုံသဏ္ဌာန်လေးတစ်ခု အဖြစ်သို့ လုံးခေါက်ပေးထားလိုက်ပါ တယ်။ အဲဒီ ပြိုင်ဘက်ကင်း အတုမရှိတ့ ပုံသဏ္ဌာန်လေးကပင် အင်ဇိုင်းကိုသီး သန့်ဓာတုဓာတ်ပြုမှုများလုပ်ဆောင်ပေး နိုင်အောင် ခွင့်ပြုပါတယ်။ ဒါကြောင့် အင်ဇိုင်းတစ်ခုဟာ သီးသန့်ဓာတုဓာတ် ပြုမှုတစ်ခုအတွက် အလွန်အဖိုးတန် အကျိုးရှိလှသော ဓာတ်ပြောင်းပေး နိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် လုပ်ဆောင် ပေးနိုင်ပါတယ်။ ထိုအင်ဇိုင်းဟာ ဓာတ်ပြုမှုကို လျင်လျင်မြန်မြန် အရှိန် ရစေပါတော့တယ်။ ရလဒ်အနေဖြင့် ထွက်ကုန်များကို ပိုမိုလျင်မြန်စွာရရှိ စေတဲ့အပြင် ဓာတ်ပြုမှုများဟာလည်း ပို၍လျင်မြန်စွာ ရရှိစေပါတယ်။ အင်ဇိုင်း အများစု၏ ဓာတ်ပြုမှုနှုန်းတွေဟာ အင်ဇိုင်းမပါသော ဓာတ်ပြုမှုများနှင့် နှိုင်းယှဉ်ပါက အကြိမ်ပေါင်း သန်းချီ၍ မြန်စွာဓာတ်ပြုပေးနိုင်ကြောင်း တွေ့ရ ပါတယ်။
ထို့အပြင် သူများအား ဓာတ်ပြုမှု လျင်မြန်စေရန် အကူအညီ ပေးပေမယ့် သူကိုယ်တိုင် ဓာတ်ပြောင်း လဲ မသွားစေပါ။ အင်ဇိုင်းများသည် ခန္ဓာကိုယ်တွင်း၌ ဇီဝဓာတုဆိုင်ရာ ဓာတ်ပြုမှု ၄၀ဝ၀ ခန့်ကို ဓာတ်ပြုမှု လျင်မြန်စေရန် ကူညီပေးနိုင်သည်ဟု သိရပါတယ်။ သို့ရာတွင် အင်ဇိုင်းများ၏လုပ်ငန်း များအား အခြားမော်လီကြူးများက နှောင့်ယှက်နိုင်ပါတယ်။ ထိုမော်လီကြူး တွေကတော့ ဆေးဝါးများနှင့် အဆိပ် အတောက်များဖြစ်ကြပါတယ်။ ထို့အပြင် အင်ဇိုင်းဓာတ်ပြုမှု နှေးကွေးအောင်လုပ် တဲ့ အချက်အလက်တွေ၊ ဖြစ်နိုင်ခြေ တွေထဲမှာပတ်ဝန်းကျင်အပူချိန်၊ ဖိအား နှင့် ဓာတုဆိုင်ရာ ပတ်ဝန်းကျင်တို့ ပါဝင်နေပြန်ပါတယ်။ ဒီနေရာမှာ မလို အပ်ဘဲ ဆေးဝါးတွေ၊ ရက်လွန်အစား အစာတွေနဲ့ ရက်လွန်ဆေးဝါးတွေကို အလွယ်တကူ စားသုံးတဲ့သူတွေ အနေ နဲ့ မိမိခန္ဓာကိုယ်ထဲမှာ ဘာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ရသလဲ ဆိုတာတွေ စဉ်းစားမိကြရန် အထူး အရေးကြီးပါတယ်။ ဆရာဝန် မညွှန်း ဘဲ ပါရာစီတမောဆေးပြားကို ကိုယ့် ဘာသာကိုယ် သောက်ချလိုက်တာမျိုး၊ ခေါင်းကိုက်လို့ ဆေးသောက်တာ မျိုးမပြုလုပ်သင့်ပါဘူး။ တစ်ခါတလေ ဆေးဝါးကူစရာမလိုဘဲ သူ့ဘာသာသူ ပျောက်တာလည်း ရှိပါတယ်။
အချို့သော အင်ဇိုင်းများကို ပဋိဇီဝဆေးများ ထုတ်လုပ်ရာမှာ စီးပွားဖြစ် အသုံးချလေ့ရှိပါတယ်။ တစ်ဖန် အိမ်သုံးပစ္စည်းများဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ မီးဖိုချောင် သုံး ဆပ်ပြာရည်အမျိုးမျိုး၊ အဝတ် အထည်၊ အစွန်းချွတ်ဆေး စသည် တို့မှာ ပရိုတင်း သို့မဟုတ် အဆီ အစွန်းအထင်းများအားဖျက်ရန် (ဇီဝ ဓာတုဆိုင်ရာ ဓာတ်ပြုမှုများမြန်စေရန်) အင်ဇိုင်းများကို သုံးလေ့ရှိပါတယ်။ ဝက်သားတို့ မြန်မြန်နူးစေရန်၎င်း အသားများထဲရှိ မနူးဘဲ အသားမာ တင်းနေတဲ့ အင်ဇိုင်းများအား ပို၍ သေးငယ်သော မော်လီကြူးလေးများ အဖြစ်သို့ ဖြိုခွဲပေးလိုက်ခြင်းအားဖြင့် နူးညံ့လာပြီး အသားကိုဝါးရတာ လွယ်ကူစေပါတယ်။ ဘာကြောင့် အသားနူးလွယ်ရ တာလဲဆိုရင် အသားထဲရှိ မနူးမည့် ပရိုတင်းအင်ဇိုင်းများအား သေးငယ် သော မော်လီကြူးလေးများအဖြစ် ဓာတ်ပြောင်းလဲပေးလိုက်တဲ့အတွက် ပိုပြီး နူးညံ့ပျော့ပျောင်းလာကာ ဝါးရ တာ အရသာရှိလာစေပါတော့တယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်ဇိုင်းအမျိုးမျိုး ဥပမာပြော ရလျှင် အသည်းမှာရှိတဲ့ အသည်း အင်ဇိုင်းများ၏ ဓာတုဇီဝဆိုင်ရာ သဘာဝကို လေ့လာခဲ့ပြီး ဆေးပညာ တွင် ရောဂါရှာဖွေဖော်ထုတ်ရာမှာ အသုံးချလာနိုင်ခဲ့ပါတယ်။ အင်ဇိုင်းများမှာ သူတို့ ဓာတ်ပြု ရာတွင် ပါဝင်ကူညီပေးတဲ့အခါ အလွန် သီးသီးသန့်သန့် ရှိပါတယ်။ သော့ ပေါက်နဲ့ သော့တံလိုပဲ အံကျဖြစ်စေ လို့ အံဩစရာကောင်းပါတယ်။ တစ်ဖန် အင်ဇိုင်းတချို့မှာ အကူအင်ဇိုင်းဆိုတာ မျိုးရှိတတ်ပါသေးတယ်။ အခွင့် သင့်တဲ့အခါမှာ အင်ဇိုင်းများအကြောင်း ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment