Friday, September 14, 2012

မီးခိုးငွေ့ နဲ့ ကျန်းမာရေး


မီးခိုးငွေ့ နဲ့ ကျန်းမာရေးအန်တီရေ...ဟိုကားကြီးက မီးခိုး မည်းမည်း ကြီးတွေ ထွက်နေတယ်။ သူ့ကား နောက်က မမောင်းနဲ့၊ တခြား လမ်းဘက်က ရှောင်မောင်းလို့ ရရင် မောင်း”။ ဟုတ်ပါရဲ့ ရှေ့ကကားက ဒီဇယ် အင်ဂျင် ကျနေလို့ အိတ်ဇောက မီးခိုးမည်းမည်းတွေ တောက်လျှောက် မှုတ်ထုတ်နေတာ မနည်းပါဘူး။ လူတွေ ဒီဇယ်အင်ဂျင် အိတ်ဇော ပိုက်ကထွက်တဲ့ မီးခိုးတွေကို ရှူရှိုက်မိ တာများရင် ကင်ဆာဖြစ်နိုင်တယ်။

အညောင်းပြေ လည်ပင်းမချိုးရ


အညောင်းပြေအောင် လည်ပင်း ချိုးခြင်းဟာ လေဖြတ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ တွေ့နိုင်ပါတယ်။ ဗြိတိန်နိုင်ငံ ဘရူနယ်လ် ယူနီဗာစီတီ မှ သုတေသီများရဲ့ လေ့လာသုတေ သနပြုချက်အရ အနှိပ်ခန်းတွေမှာ သို့မဟုတ် ဆံပင်ညှပ် ဆိုင်တွေမှာ ခေါင်းလျှော်ပြီး လည်ပင်းကို ချိုးချ အညောင်းပြေအောင် လုပ်ပေးခြင်းမျိုး တွေဟာ ဆေးပညာအလိုအရ အမှန် တကယ် လုံးဝမလိုအပ်ပါဘူးတဲ့။

အသားအရေလှစေတဲ့ သဘာဝ အသီးအရွက်များ


ငှက်ပျောသီး။ ။ ငှက်ပျော သီးထဲမှာ ဗီတာမင် A နှင့် ပိုတက် ဆီယမ် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင် တယ်။ ခြေနယ်ထားတဲ့ ငှက်ပျောသီး နှစ်က အရေပြားအပေါ် အသုံးပြုရင် နူးညံတဲ့ အသားအရေရရှိစေတယ်။ မျက်နှာပေါ်မှာ ချေးညှော်ကင်းရှင်း စေဖို့ မျက်နှာဖုံးလုပ်ရာမှာ ကောင်း တယ်။

ကမ္ဘာ့ပထမဆုံး မျက်လုံးမဲ့ ပင့်ကူမျိုးစိတ်ကို ရှာဖွေတွေ့ရှိ


လွန်ခဲ့တဲ့ တစ်လခန့်က သိပ္ပံ ပညာရှင် များဟာ မျက်လုံးမျက်ဆံ လုံးဝမရှိတဲ့ ပင့်ကူမျိုးစိတ်ကို အရှေ့တောင် အာရှရှိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ 
လာအိုနိုင်ငံရဲ့ တောနက်ထဲက လိုဏ်ဂူ တစ်ခုထဲမှာ တွေ့ရှိ ခဲ့ပါတယ်။
ထိုပင့်ကူတွေရဲ့အရွယ်အစားကတော့ ခြေထောက်အရှည်(၆)စင်တီမီတာနဲ့ ကိုယ်ခန္ဓာကတော့ (၁၂)မီလီမီတာပဲဖြစ်ပါတယ်။ မျက်လုံးမဲ့ပင့်ကူများဟာ Huntsman Spider မျိုးနွယ်ဝင်ဖြစ်ပြီး သူတို့ကိုတွေ့ရှိခဲ့တဲ့ လိုဏ်ဂူဟာ အလင်းရောင်လုံးဝမရှိဘဲ အချိန်ပြည့်မှည်းမှောင်နေပါတယ်။
 ကမ္ဘာ့ပထမဆုံး မျက်လုံးမဲ့ ပင့်ကူမျိုးစိတ်ကို ရှာဖွေတွေ့ရှိ
သိပ္ပံပညာရှင်များဟာ အဆိုပါလိုဏ်ဂူထဲတွင် ယခင်ကမျက်လုံးမပါသော ကင်းမြီးကောက်နှင့် ကဏန်းမျိုးစိတ်တို့ကိုလည်း ရှာဖွေတွေ့ရှိဖူးကြောင်း သိရှိရပါတယ်။