Saturday, September 1, 2012

အမျိုးသားများအတွက် ဆံပင်ကျွတ်မှု ဖြေရှင်းနည်းများ


ဆံပင်ကျွတ်ရသော အကြောင်းရင်း
အမျိုးသား အများစု ဆံပင် ဆုံးရှုံး တတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ ဖြစ်တတ်ပါတယ်။  ဆေးကုသမှု ခံယူနေရတဲ့သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက်သူတွေမှာ ဆံပင် ကျွတ်တတ်ကြပါတယ်။
နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံသား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀ ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရတတ်ပါတယ်။

ကလေးများတွင် မကြာခဏ ကူးစက်ပိုးဝင်ခြင်း


ကိုယ်ခံ စွမ်းအားစနစ် ကောင်းကောင်း မဖွံ့ဖြိုးသေးဘဲ မွေးလာတဲ့ ကလေးတွေ   အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့ ကလေးတွေဟာ တစ်လ-နှစ်လမှာ တစ်ကြိမ်ခန့် ပိုးဝင်ကူးစက်မှု ဖြစ်နိုင်ခြေများပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ မွေးပြီးမကြာခင်မှာ စတင်ဖွံ့ဖြိုးလာပါတယ်။ တဖြည်းဖြည်း ကိုယ်ခံစွမ်းအားစနစ် ကောင်းလာတာကြောင့် ကူးစက်ပိုးဝင်နိုင်ခြေက အသက်ကြီးတာနဲ့ အမျှ လျော့ကျသွားပါတယ်။

ဖခင်၏ အသက်အရွယ်ကြီးခြင်းကြောင့် မွေးဖွားလာသော ကလေးများတွင် စိတ်ရောဂါ ဖြစ်နိုင်


အသက်ကြီးတဲ့ ဖခင်က မွေးတဲ့ ကလေးတွေဟာ အသက် ငယ်တဲ့ ဖခင်က မွေးတဲ့ ကလေးတွေထက် စိတ်ကစဥ့် ကလျား ရောဂါနဲ့ အော် တစ်ဇင် ရောဂါ ဖြစ်နိုင်ခြေ များကြောင်း  လေ့လာမှု အများအပြားအရ တွေ့ရှိ ခဲ့ ပါတယ်။ မိခင်တွေရဲ့ အသက်အရွယ်ဟာ ဒီစိတ်ရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

သုံးနှစ် တစ်ကြိမ် အဝတ်အစား အသစ် လဲဝတ် ရသော ကွယ်လွန်ပြီး သူများ


သုံးနှစ် တစ်ကြိမ် အဝတ်အစား အသစ် လဲဝတ် ရသော ကွယ်လွန်ပြီး သူများ

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလ ဝေဆီပြည်နယ်မှ တိုရာဂျာ ခရိုင် အတွင်းရှိ ရွာကလေးတစ်ရွာတွင် ထိုရွာသားတို့၏ ဓလေ့ ထုံးစံ အရ ကွယ်လွန်သူ မိသားစုဝင် များအား ဂါရဝပြု အလေးအမြတ်ထား သည့် အနေဖြင့် ကွယ်လွန်သူအား မြှုပ်နှံထားရာမှ ပြန်လည် တူးဖော်ကာ ဝတ်စုံ သစ်ဝတ်ပေးခြင်း၊ အလှအပပြင်ဆင် ခြယ်သပေးခြင်း စသည်တို့ကို ရိုးရာမပျက် ပြုလုပ်ပေးလေ့ ရှိသည်။