Thursday, August 23, 2012

အိပ်ရာမဝင်မီ ၁၅ မိနစ် အချိန် ပေးကြည့်ပါ


ညအိပ်ရာ ဝင်ခါနီး ၁၅ မိနစ် လောက် အချိန်ပေး ရုံမျှနှင့် တစ်ည တာလုံး သမားရိုးကျနည်းဖြင့် မျက်နှာ အသား အရေပြုပြင် ထိန်းသိမ်း မှုပေးနိုင် တဲ့ နည်းလမ်း တွေ ရှိပါတယ်။ သဘာ ဝနည်းဖြင့် အသားအရေလှပ စိုပြည် စေနိုင်တဲ့ ထိန်းသိမ်းမှုလေးတွေကို ယခုအပတ် ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက်တွေမဆိုထားနဲ့ အသက် ၄၀ ကျော် လေဒီကြီး တွေတောင် မိတ်ကပ်ကို အားထား ရပါတယ်။ ဒါပေမယ့်လည်း အဲဒီ မိတ်ကပ်တွေကို ဓာတုပစ္စည်းမပါ သဘာဝပစ္စည်းတွေနဲ့သာ ထုတ် လုပ်ထား တာဖြစ်ကြောင်း ဘယ်လိုပဲ ထပ်လောင်းကြော်ငြာ ကြော်ငြာ ပေ မယ့် တာရှည်ခံဓာတုပစ္စည်း မပါဝင် ဘဲနဲ့ ထုတ်လုပ်လို့မရတာတော့ အမှန် ပါပဲ။ ကောင်တာ ခုံပေါ်က စမ်းသုံးကြည့် ဖို့ခွင့်ပြုထားတဲ့ အလှကုန် Testerများ အား တစ်ခုချင်းသေချာလေ့လာကြည့် ပါ။

ကလေးငယ်များ အစားအသောက်နှင့် အိုင်ကျူ ဆက်စပ်နေ


ကလေးငယ် များအား၂၄လ (အသက်၂နှစ်) အထိ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ကျွေးမွေးပြီး အသက်ရှစ်နှစ် အရွယ်တွင် စစ်ဆေးကြည့်ရာ ၌ ယင်းကလေး များမှာ အိုင်ကျူ မြင့်မားနေကြောင်း ဩစတြေးလျ သုတေသီများ က တွေ့ရှိခဲ့ကြသည်။ အက်ဒီလေ့ဒ် တက္ကသိုလ် မှ ဒေါက်တာလီဆာစမစ်သာတို့ အဖွဲ့က ကလေးပေါင်း ၇ဝ၀ဝအားလေ့လာပြီး အစဉ်အလာအား ဖြင့် ကလေးများ ကိုကျွေးသည့် အစားအစာ၊ ကလေးအတွက် အသင့် ပြင်ဆင် ထားသောအစားအစာ ၊မိခင်နို့တိုက်ကျွေးခြင်းနှင့်အသင့် စားအစားအသောက်များ ကျွေး မွေးခြင်း စသည်တို့ကို ခွဲခြားလေ့ လာခဲ့သည်။

Enzyme အင်ဇိုင်းဆိုသည်မှာ


ငယ်ငယ်တုန်းက သိပ္ပံဘာသာ မှာ သင်ခဲ့ တာကတော့ အင်ဇိုင်းဆို သည်မှာ ဓာတ်ပြုမှု တစ်ခုတွင် အလွယ် တကူ ဓာတ်ပြောင်းလဲရန် ဆောင်ရွက် ပေးနိုင်ပြီး ကိုယ်တိုင်ဓာတ်ပြောင်းလဲ ခြင်းမရှိပါဆိုတာလောက်ပဲ သိခဲ့ကြရ ပါတယ်။ ယခုကဲ့သို့အလွယ်တကူရှာယူ ဖတ်နိုင်သော အင်တာနက်မရှိသလို သွားရှာဖွေဖတ်ရန် စာကြည့်တိုက် လည်းမရှိခဲ့ပါ။ စာကြည့်တိုက်ရှိဦးတော့ အဲဒီအကြောင်းကို ဂဃနဏ သိဖို့ ရေးသားထားတဲ့ စာအုပ်မျိုး စာကြည့် တိုက်ထဲမှာ မရနိုင်ပါ။

Wednesday, August 22, 2012

ဆပ်ပြာတွင် ပါဝင်သည့် ဒြပ်ပေါင်း တစ်မျိုး ကြွက်သား အားနည်းနိုင်


၁၉၇၀ ပြည့်နှစ်က စတင်ပြီး ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Triclosan ကို Antibacterial Soap ဘက်တီးရီး ယားပိုး များသေစေတဲ့ ဆပ်ပြာများ၊ တစ်ကိုယ် ရည် သန့်ရှင်းရေးပစ္စည်း များဖြစ်သော ချွေးနံ့ပျောက်ဆေး များ၊ ပလုတ်ကျင်းဆေးရည်များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။

ညအိပ်စဉ် မဟောက်အောင် လုပ်ချင် ပါသလား


ညအိပ်စဉ် ပြင်းပြင်း ထန်ထန် ဟောက်တတ် သူများ (Heavy Snorers) ဟာ ဘယ်လို ခန္ဓာကိုယ် ပုံစံ အနေအထားနှင့် အိပ်အိပ် ဟောက်မှာဖြစ်ပေမယ့် အတော် အသင့် ဟောက်တတ် သူများ ကတော့ နည်းကတော့ ညဝတ်အင်္ကျီတွေရဲ့ ကျောဘက်မှာ အိပ်ကပ်တစ်ခုစီချုပ် ထားပြီး အိပ်တဲ့အခါ နောက်ကျော အိတ်ကပ်ထဲမှာ တင်းနစ် ဘောလုံး တစ်လုံးစီထည့်ထားပေးပါ။ သင် ပက်လက်အိပ်တဲ့အခါ တင်းနစ်ဘော လုံးနှင့် ခုနေမှာဖြစ်လို့ အိပ်ရတာ သက်သောင့်သက်သာ မရှိတာကြောင့် တစ်ဘက်စောင်းအိပ်ရမှာ ဖြစ်ပါ တယ်။
ဦးလှမြင့် (ဂန္ဓမာ) Ref: Do-it-Yourself 

နှလုံး ရောဂါဖြစ်နိုင်ခြေ များသော AB သွေး ပိုင်ရှင်များ


AB သွေး အမျိုးအစား ပိုင်ရှင် များသည် O သွေး အမျိုးအစား ပိုင်ရှင် များထက် နှလုံး ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း သုတေသီ များကတွေ့ ရှိခဲ့ကြ ပါတယ်။ သုတေသီများသည် လူပေါင်း ၉ သောင်းကျော်ကို နှစ် ပေါင်း ၂၀ နီးပါးလေ့လာခဲ့ရာ ဥ သွေးပိုင်ရှင်များသည် နှလုံးသွေး ကြောရောဂါ ခံစားရနိုင်ခြေ အနည်း ဆုံးဖြစ်ပြီး AB သွေးပိုင်ရှင်များက တော့ ဥ သွေးပိုင်ရှင်များထက် နှလုံး သွေးကြောရောဂါဖြစ်နိုင်ခြေ ၂၃ ရာ ခိုင်နှုန်းပိုများနေသည်ကို တွေ့ရှိခဲ့ ကြရသည်။

နပ်မှန်အောင် မစားခြင်း


လျှော့ချတဲ့ အခါ ထမင်း နပ်မှန်အောင် မစားတော့ဘဲ နံနက်စာ မစားခြင်း၊ ညစာမစားခြင်းတို့ ပြုလုပ်တတ်ကြ ပါတယ်။ ဒီအလေ့ အကျင့်ဟာ ခန္ဓာ ကိုယ်အတွင်း က ဇီဝရုပ်ဖြစ်ပျက်မှု တွေကို ကမောက်ကမဖြစ်သွားစေ နိုင်ပါတယ်။ အလွန်ဆာလောင်နေ အခါ အလွန်အကျွံ စားသုံးမိတတ်ကြ ပါတယ်။

Monday, August 20, 2012

သိပ္ပံ နည်းကျ သက်သေ ပြထားသော ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကုသနည်းများ


ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေ သလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

ငရုတ်ကောင်း၏ ဆေးဖက်ဝင် အာနိသင်များ


ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များကျန်းမာရေး ကောင်းဖို့ရာ အတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း”  ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

နာကျင်ကိုက်ခဲမှုများကို ကုသရင်း အပိုဆောင်း အာနိသင်ကို ရယူပါ


သင့်မှာ ခံစားနေရတဲ့ ရောဂါဝေဒနာကို ကုသရင်း နောက်ထပ် ကောင်းကျိုး ရနိုင်တဲ့ အာနိသင်တွေကို ရယူနိုင်ဖို့ ရေးသားလိုက်ပါတယ်။

အိမ်ထောင်ကွာရှင်း ပြတ်စဲပြီးချိန်တွင် ဘဝကို အသစ်ပြန်လည် တည်ဆောက် နိုင်စေရန်


လင်နဲ့မယား ကွာရှင်း ပြတ်စဲကြောင်း စာရွက်ပေါ် လက်မှတ် ထိုးပြီးချိန်မှာ အနှစ်နှစ် အလလ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးက ပြိုကွဲသွားပါပြီ။  အိမ်ထောင်ရေး ပြိုကွဲသွားသူတွေရဲ့ ဇာတ်လမ်းတွေကတော့ မတူကွဲပြား နေနိုင်ပေမယ့် အိမ်ထောင်ရေး ပြိုကွဲမှုဟာ စိတ်ဖိစီးမှု အမြင့်ဆုံးဖြစ်စေတဲ့ အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။

Saturday, August 18, 2012

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်း စရာ


ညှင်းပေါက် တယ်ဆိုတာ အရေပြား ပေါ်မှာ ဖန်းဂပ်စ် မှိုစွဲတဲ့ အခြေ အနေ ဖြစ်ပြီး ယားယံတာနဲ့ မသက် မသာဝေဒ နာကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရ ဖန်းဂပ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေ ရှိ နေတတ်ပါတယ်။ ပိုးတချို့က သိသိသာ သာ ကြီးထွားပြန့်ပွားလာတဲ့အခါ အရေပြား မှာ ယားနာ၊ ဝဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အ ရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ဆီး မထိန်းနိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန်


အမျိုးသမီး သုံးယောက်မှာ တစ် ယောက်နှုန်းဟာ ဆီးမထိန်းနိုင် တဲ့ပြဿနာ ကို ရင်ဆိုင်နေကြ ရပါတယ်။ ကနေဒါမှ သုတေသီတွေရဲ့ လေ့လာမှု အသစ်အရ ဆီးအိမ်ပြဿ နာကို လျစ်လျူရှုတာကြာ ရှည်လေလေ စိတ်မှာ ဒဏ်ရာရမှ များလေ လေ စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ခြေ သိသိသာသာများနိုင်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ သင်ရဲ့ဘဝနေထိုင်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲလိုက်တာနဲ့ ဆီးမထိန်းနိုင်တဲ့ပြဿနာ ရပ်တန့်သွား နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။

ကျန်းမာသော လိင်မှုဘဝ

ကျန်းမာသော လိင်မှုဘဝ






အိမ်ထောင် တစ်ခုမှာ လိင်မှုဘဝ ကျန်းမာ အဆင်ပြေမှ သာယာ ချမ်းမြေ့မှု ကို ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ လိင်မှုဘဝ ရရှိစေဖို့ရာအတွက် အိမ်ထောင်ရှင်တွေဟာ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးမှု ရှိသင့်သလို သစ္စာတရားလည်း ထားရှိဖို့ အရေးကြီးပါတယ်။

ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်း


မိန်းကလေး တစ်ယောက် အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေ သီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။

Friday, August 17, 2012

ကျောက်ကပ်ကို အဆိုးဆုံးထိခိုက်နိုင်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း


ဆီးနှင့် ကျောက်ကပ် ရောဂါ များတွင် အဖြစ်များပြီး ကာကွယ် ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက် ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှုမရှိသည့်အခါ ကျောက် ကပ်ပျက်စီးသည်အထိဖြစ်ပွားနိုင် သည်။
ထိုဆီးလမ်းကြောင်း ပိုးဝင် ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ် များသော ရောဂါတစ်ခုဖြစ်ပြီး နေ့ စဉ် သတိမပြုမူသည့် နေထိုင်မှုပုံစံ များကြောင့် ဆီးလမ်းကြောင်းအ တွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ အရ အမျိုးသမီးများတွင် ဆီးလမ်း ကြောင်း ပိုးဝင်နိုင်သည့်အခြေအ နေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခဒေါက်တာ တိုးလွင်ကပြောသည်။ အမျိုးသမီးများတွင်မှု အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ် သည် လုပ်ငန်းခွင်ဝင်ရောက်နေ သည့်အရွယ်နှင့် ပညာသင်နေ သည့်အရွယ်များဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီး သွားနည်းလေ့ရှိကြသည်။

Tuesday, August 14, 2012

မျက်နှာပေါ်မှာ အမဲအစက် အပြောက် ကင်းအောင်


မျက်နှာပေါ်မှာအမဲအစက်အပြောက်ကင်းအောင်







အမျိုးသမီးများ အနေနဲ့ အသက်အရွယ် ကြီးလာတဲ့ အခါ ရင်ဆိုင်ရမယ့် အလှ အပဆိုင်ရာ ပြဿနာဟာ အိုမင်းရင့်ရော်လာခြင်း၊ အရေး အကြောင်းပေါ်လာကာ ပါးရေ တွန့်ခြင်းပဲ မဟုတ်ပါဘူး။ နုပျိုစေတဲ့ အလှကုန်ပစ္စည်းကြော်ငြာတွေကြောင့် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ မျက်နှာမှာ မှဲ့ခြောက်၊ တင်းတိပ်နဲ့ အမဲအစက် အပြောက်များ ထွက်ပေါ် လာနိုင်ပါတယ်။
ဒါ့အပြင် အသားအရေဟာ ငယ်ရွယ်စဉ်တုန်းကလို ကြည်စင်နုပျိုနေခြင်းမရှိတော့ဘဲ အရောင်ပြောင်းလာ တာကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ၂ခုရှိပါတယ်။ ပထမတစ်ခုကတော့ နေပူပူ မိုးရွာရွာ အပြင်ထွက်တဲ့အခါတိုငှ်းင်္ဏ ၂၀ ပါဝင် တဲ့ နေလောင်ဒဏ်ခံလိမ်းဆေး သို့မဟုတ် ဖောင်ဒေးရှင်း မိတ်ကပ်တစ်ခု လိမ်း ပါ။ ဒုတိယနည်းလမ်းကတော့ အသားအရေမွဲခြောက်မှုကို ပြန်လည်ပြုပြင်ပေးနိုင် တဲ့ နေ့စဉ်သုံး အသားအရေ ထိန်းပစ္စည်းကို အသုံးပြုပါ။ မျက်နှာရှိ အစက် အပြောက်များကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဗီတာမင် ဃ ၊ူငခသမငခန တို့ ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းကို ရွေးချယ်ဝယ်ယူပါ

အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့ ခက်ခဲ


အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့  ခက်ခဲ











နယူးယောက်မြို့ The Albert Einstein College of Medicine မှ သုတေသီ များက အိုသွေး ပိုင်ရှင် အမျိုးသမီးများဟာ အခြားသွေး အုပ်စုပိုင်ရှင် အမျိုးသမီး များထက် မမျိုးဥအရေအတွက်နှင့် အရည် အသွေး ပိုမိုလျော့ နည်းနေကြောင်း တွေ့ရှိခဲ့ ရပါတယ်။
ဒါဟာ အမျိုးသမီးတွေမှာ သွေးအုပ်စုဟာ သူမရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းကို လွှမ်းမိုးမှုရှိကြောင်း ပထမဦး ဆုံးတွေ့ ရှိမှု ဖြစ်ပါ တယ်။ နှိုင်းယှဉ်ပြီး ပြောရရင် အေသွေး ပိုင်ရှင် အမျိုးသမီးများကတော့ အခြားသွေး အုပ်စုပိုင်ရှင်တွေထက် အရည်အသွေး ရော၊ အရေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ မမျိုးဥတွေ ကို ပိုင်ဆိုင်ပါတယ်။ အိုသွေးပိုင်ရှင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းဟာ အသက်အရွယ် ကြီးရင့်လာ တာနဲ့အမျှ ကျဆင်းလာတာကြောင့် အိုသွေးပိုင်ရှင် အမျိုးသမီး များအနေနဲ့ ကလေးကို စောစီးစွာယူသင့်ကြောင်း သိရပါတယ်။

မျက်တောင်ခြယ် ဆေးသုံးသူ ပျိုမေများ သတိထား

မျက်တောင်ခြယ် ဆေးသုံးသူ ပျိုမေများ သတိထား












မျက်တောင်ခြယ်ဆေး သို့ မဟုတ် မက်စ်ကာရာ (Mascara) သုံးရာမှာ အသုံးပြုတဲ့ တုတ်တံလေး ကို သတိထားပါ။ ယင်းက သင့်ကို အန္တာရာယ်ပေးနိုင် လို့ ဖြစ်တယ်။ ကော စမတ်တစ်အသုံးပြုမှုနှင့် ဆက်စပ်တဲ့ အများဆုံးဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာ ရခြင်းကတော့ မျက်တောင်ခြယ်ရာမှာ သုံးတဲ့ တုတ်တံလေးနှင့် မျက်စိ ခြစ် မိခြင်းပဲဖြစ်တယ်။ ဒါ့အပြင် ၃ လ ကျော်ကြာပြီဖြစ်တဲ့ မျက်တောင်ခြယ် ဆေးဘူးထဲမှာ ကူးစက်ရောဂါ ဖြစ်စေ တဲ့ ပိုးတွေ ခိုအောင်းနေတတ်တယ်။ အိပ်ရာထဲမဝင်ခင် မျက်တောင်ခြယ် ဆေးကို ဆေးကြောပစ်ဖို့ သတိရပါ။ သင်အိပ်နေစဉ် မျက်တောင်ခြယ် ဆေးက အမှုန့်စလေးများြွေကပြီး မျက်စိထဲဝင်နိုင်ပါတယ်။ အဲဒီအခါ မျက်စိယားယံခြင်း၊ မျက်စိနီမြန်းခြင်း၊ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း၊ ဒါမှမဟုတ် ကူးစက်ရောဂါဝင်ခြင်းတောင်ဖြစ်နိုင် ပါတယ်

အိပ်ချိန် များလေ ကိုယ်အလေးချိန် ကျလေ


အိပ်ချိန် များလေ ကိုယ်အလေးချိန် ကျလေ






စဉ်ဆက် မပြတ် ပြုလုပ် လျက်ရှိတဲ့ အသစ်တွေ့ ရှိနေရတဲ့ သက်သေပြမှုအရ အိပ်ရေးဝ၀ အိပ်စက်နိုင်ခြင်း သည် ကိုယ်အလေးချိန် ထိန်းရာတွင် အရေးကြီးသောနေ ရာမှ ပါဝင်ကြောင်း သိရပါတယ်။ Mayo Clinic ၏ လေ့လာချက် သော အိပ်စက်ခြင်း လိုအပ်ကြောင်း တွေ့ထားရပါတယ်။

Saturday, August 11, 2012

လူအများစု အဓိက ကြောက်သော ထိပ်တန်း ကျန်းမာရေး ပြဿနာများ


လူတိုင်း လိုလိုဟာ သူတို့ ကျန်းမာရေး နဲ့ပတ်သက် ပြီး စိုးရိမ် ပူပင်မှုတွေ ဖြစ်တတ် ကြပါတယ်။ လေ့လာမှုအရ လူအများစု ဟာ အောက်ပါကျန်းမာရေး ပြဿနာ တွေ ဖြစ်မှာကို အကြောက်ဆုံးဖြစ်တယ် လို့ သိရပါတယ်။

ဓာတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေမည့် အံ့အားသင့်ဖွယ် နည်းလမ်း ငါးသွယ်


ရာသီ အပြောင်း အလဲ ကာလ တွေမှာ ဖြစ်တတ် တဲ့ ဓာတ်မ တည့်မှုတွေ ကို တွန်းလှန် နိုင်မယ့်နည်းက ဟစ်စတာမင်း ဆန့်ကျင်ဆေးတွေကို သောက်သုံးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ဓာတ်မတည့်မှု သက်သာစေဖို့ ဆရာဝန်နဲ့ တွေ့ ဆုံတာ၊ ဟစ်စတာမင်းတားဆေး သောက်တာနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့အရာတွေကို ရှောင်ကြဉ်တာ စတဲ့ နည်းအားလုံးကို လိုက်နာဖို့ လိုတာမှန်သလို ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ လက္ခဏာတွေ သက်သာအောင် အောက်ပါနည်းတွေကိုလည်း လိုက်နာ သင့်ပါတယ်။

ရောဂါကြောင့် မဟုတ်ဘဲ အိပ်မပျော် ဖြစ်နေသလား


ရောဂါ ဝေဒနာ တစ်ခုခု ကို ခံစားနေ ရတဲ့ အခါမှာ ကျွန်မတို့ တစ်တွေ ဟာ အိပ် မပျော်နိုင် တာမျိုး ဖြစ်နေတတ်ကြပါ တယ်။ ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကို မှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အ တွေးတွေ များတာ၊ ပူပင်သောက များ တာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေ ကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီ အခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက် မှုနည်းတာ၊ မှတ်ဥာဏ်အားနည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အ ခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီ လိုမဖြစ်စေဖို့အတွက် ည ည နှစ်နှစ်ခြိုက် ခြိုက် အိပ်မောကျနိုင်အောင် အောက် ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

Friday, August 10, 2012

ဂျပန်ပြည်မြတ်စွာဘုရား၏်သာသနာသမိုင်းတော်


မဟာယာန၀ါဒ၏သိဖွယ်အကျဉ်းချူပ်မှာသတ္တ၀ါအားလုံးဘုရားအဖြစ်သို့ရောက်ရှိစေရေးကိုမမှိတ်မသုံယုံကြည်စွာလက်ခံကျင့်သုံးရန်ဖြစ်၏။
မဟာယာနအယူဝါဒအမျိုးမျိုးကိုတရုတ်ပြည်သည် ထိုဝါဒနှင့်ထိုဂိုဏ်းများကိုစနစ်တကျပြုပြင်ခဲ့၏။

ဂျပန်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိလာပုံ


သာသနာနှစ်၁၀၀၀ခန့်က ဂျပန်ဘုရင်၏အမတ်ကြိးသည် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကိုးကွယ်ပူဇော်၏။တိုင်းရင်းသာဘာသာရေးအယူသီးသူများကကန့်ကွက်၍ဘုရင့်အမိန့်တော်ဖြင့်ဗုဒ္ဓရုပ်ပွားတော်ကိုတူးမြောင်းထဲသို့လွှင့်ပစ်ရလေသည်။ထိုအချိန်တွင်ဂျပန်ပြည်တွင်ရောဂါတစ်ခုဆိုက်ကပ်ရာ