Thursday, August 23, 2012

အိပ်ရာမဝင်မီ ၁၅ မိနစ် အချိန် ပေးကြည့်ပါ


ညအိပ်ရာ ဝင်ခါနီး ၁၅ မိနစ် လောက် အချိန်ပေး ရုံမျှနှင့် တစ်ည တာလုံး သမားရိုးကျနည်းဖြင့် မျက်နှာ အသား အရေပြုပြင် ထိန်းသိမ်း မှုပေးနိုင် တဲ့ နည်းလမ်း တွေ ရှိပါတယ်။ သဘာ ဝနည်းဖြင့် အသားအရေလှပ စိုပြည် စေနိုင်တဲ့ ထိန်းသိမ်းမှုလေးတွေကို ယခုအပတ် ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက်တွေမဆိုထားနဲ့ အသက် ၄၀ ကျော် လေဒီကြီး တွေတောင် မိတ်ကပ်ကို အားထား ရပါတယ်။ ဒါပေမယ့်လည်း အဲဒီ မိတ်ကပ်တွေကို ဓာတုပစ္စည်းမပါ သဘာဝပစ္စည်းတွေနဲ့သာ ထုတ် လုပ်ထား တာဖြစ်ကြောင်း ဘယ်လိုပဲ ထပ်လောင်းကြော်ငြာ ကြော်ငြာ ပေ မယ့် တာရှည်ခံဓာတုပစ္စည်း မပါဝင် ဘဲနဲ့ ထုတ်လုပ်လို့မရတာတော့ အမှန် ပါပဲ။ ကောင်တာ ခုံပေါ်က စမ်းသုံးကြည့် ဖို့ခွင့်ပြုထားတဲ့ အလှကုန် Testerများ အား တစ်ခုချင်းသေချာလေ့လာကြည့် ပါ။

ကလေးငယ်များ အစားအသောက်နှင့် အိုင်ကျူ ဆက်စပ်နေ


ကလေးငယ် များအား၂၄လ (အသက်၂နှစ်) အထိ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ကျွေးမွေးပြီး အသက်ရှစ်နှစ် အရွယ်တွင် စစ်ဆေးကြည့်ရာ ၌ ယင်းကလေး များမှာ အိုင်ကျူ မြင့်မားနေကြောင်း ဩစတြေးလျ သုတေသီများ က တွေ့ရှိခဲ့ကြသည်။ အက်ဒီလေ့ဒ် တက္ကသိုလ် မှ ဒေါက်တာလီဆာစမစ်သာတို့ အဖွဲ့က ကလေးပေါင်း ၇ဝ၀ဝအားလေ့လာပြီး အစဉ်အလာအား ဖြင့် ကလေးများ ကိုကျွေးသည့် အစားအစာ၊ ကလေးအတွက် အသင့် ပြင်ဆင် ထားသောအစားအစာ ၊မိခင်နို့တိုက်ကျွေးခြင်းနှင့်အသင့် စားအစားအသောက်များ ကျွေး မွေးခြင်း စသည်တို့ကို ခွဲခြားလေ့ လာခဲ့သည်။

Enzyme အင်ဇိုင်းဆိုသည်မှာ


ငယ်ငယ်တုန်းက သိပ္ပံဘာသာ မှာ သင်ခဲ့ တာကတော့ အင်ဇိုင်းဆို သည်မှာ ဓာတ်ပြုမှု တစ်ခုတွင် အလွယ် တကူ ဓာတ်ပြောင်းလဲရန် ဆောင်ရွက် ပေးနိုင်ပြီး ကိုယ်တိုင်ဓာတ်ပြောင်းလဲ ခြင်းမရှိပါဆိုတာလောက်ပဲ သိခဲ့ကြရ ပါတယ်။ ယခုကဲ့သို့အလွယ်တကူရှာယူ ဖတ်နိုင်သော အင်တာနက်မရှိသလို သွားရှာဖွေဖတ်ရန် စာကြည့်တိုက် လည်းမရှိခဲ့ပါ။ စာကြည့်တိုက်ရှိဦးတော့ အဲဒီအကြောင်းကို ဂဃနဏ သိဖို့ ရေးသားထားတဲ့ စာအုပ်မျိုး စာကြည့် တိုက်ထဲမှာ မရနိုင်ပါ။