Friday, August 17, 2012

ကျောက်ကပ်ကို အဆိုးဆုံးထိခိုက်နိုင်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း


ဆီးနှင့် ကျောက်ကပ် ရောဂါ များတွင် အဖြစ်များပြီး ကာကွယ် ရုံ၊ စနစ်တကျ ကုသရုံဖြင့် ပျောက် ကင်းနိုင်သော ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စနစ်တကျဆေး ကုသမှုမရှိသည့်အခါ ကျောက် ကပ်ပျက်စီးသည်အထိဖြစ်ပွားနိုင် သည်။
ထိုဆီးလမ်းကြောင်း ပိုးဝင် ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ် များသော ရောဂါတစ်ခုဖြစ်ပြီး နေ့ စဉ် သတိမပြုမူသည့် နေထိုင်မှုပုံစံ များကြောင့် ဆီးလမ်းကြောင်းအ တွင်း ပိုးဝင်ရောက်သွားနိုင်ကာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ အရ အမျိုးသမီးများတွင် ဆီးလမ်း ကြောင်း ပိုးဝင်နိုင်သည့်အခြေအ နေမှာလည်း ပိုမိုများပြားကြောင်း ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ပညာဌာနမှ ပါမောက္ခဒေါက်တာ တိုးလွင်ကပြောသည်။ အမျိုးသမီးများတွင်မှု အသက် ၂၀ နှင့် ၄၀ ကြားအရွယ် ဖြစ်ပွားမှုများပြီး ထိုအရွယ် သည် လုပ်ငန်းခွင်ဝင်ရောက်နေ သည့်အရွယ်နှင့် ပညာသင်နေ သည့်အရွယ်များဖြစ်သည့်အတွက် များသောအားဖြင့် ပုံမှန်ထက် ဆီး သွားနည်းလေ့ရှိကြသည်။