Tuesday, May 15, 2012

လူတိုင်းစိတ်ဝင်စားစေသောဝတ်စားဆင်ယင်မှုနည်းလမ်း


ဝတ်စားဆင်ယင်မှု
မာတိကာ
1 ၀တ်ပုံစားပုံ ဤလူ့ဘုံ
1.1 ဆန့်ကျင်ဘက်အရောင်များ
1.2 အဆင်ပြေသောအရောင်များ
1.3 အေးရောင်နှင့်နွေးရောင်များ
1.4 အရောင်၏သဘောထားများ
1.5 လိုက်ဖက်စွာဝတ်ဆင်ခြင်း
ဝတ်ပုံစားပုံ ဤလူ့ဘုံ

ရာသီအလိုက် ဌာနအလိုက် အဆင်ရွေး၍ ၀တ်တတ်သူကို ယဉ်ကျေးမှုရှိသူ ဟုဆိုရမည်။ လူမှာအ၀တ် တောင်းမှာအကွပ် ဟုဆိုသည့်အတိုင်း လောက၌ အဆင်ပြေအောင် ၀တ်ပုံသင်ခန်းစာဆောင်းပါးမှ ကောက်နှုတ်ချက်ကို အောက်ပါအတိုင်း ကူးမှတ်၍ဖော်ပြလိုက်ပါသည်။
ဆန့်ကျင်ဘက်အရောင်များ
လိမ္မော်နှင့်အပြာ ၊ အနီနှင့်စိမ်းပြာ ၊ မရမ်းစေ့နှင့်အစိမ်း ၊ ခရမ်းနှင့်အစိမ်းနု ၊ ခရမ်းပြာနှင့်အ၀ါ ၊အ၀ါနှင့် အနီ (၎င်းတို့မှာ မြင်ရသူများအဖို့ မျက်စေ့ရိုင်းလှပေသည်။)
အဆင်ပြေသောအရောင်များ
အ၀ါနှင့်အစိမ်းဝါ ၊ လိမ္မော်နှင့်အနီရဲ ၊ စိမ်းပြာနှင့်ခရမ်းပြာ ၊ ခရမ်းနုနှင့်ခရမ်းရင့် ၊ ခရမ်းရောင်ပေါ်တွင်ပန်းရောင် ၊ အညိုပေါ်တွင် လိမ္မော်ရောင် ၊ အမဲပေါ်အပြာ ၊ သစ်ရွက်စိမ်းပေါ်အ၀ါ ။ (ဤသို့စပ်ဟပ်၍ အရောင်ပေါ်လျှင် မြင်ရသူ၏ မျက်စေ့ထဲ၌ အေးမြပြေပြစ်လှပေသည်။)
အေးရောင်နှင့်နွေးရောင်များ
အစိမ်းနု ၊ အပြာ ၊ မီးခိုးရောင်တို့မှာ အေးရောင်ဖြစ်သည်။ အ၀ါ ၊ အနီ ၊ အညိုရင့်တို့မှာ နွေးရောင်ဖြစ်သည်။ အညိုနှင့်ခရမ်းရောင်တို့မှာ ဆိတ်ငြိမ်သောအရောင်ဖြစ်သည်။
အရောင်၏သဘောထားများ
အ၀ါ = ပညာအလင်းရောင်နှင့် စိတ်ရွှင်ငြိမ်သက်ခြင်းကိုပြသည်။
လိမ္မော် = မီးရောင်ဖြစ်၍ ပူနွေးကြောင်းကိုပြသည်။
အနီ = သွေးရောင်ကိုမှီ၍ အရေးကြီးကြောင်းကိုပြသည်။
အပြာ = ပင်လယ်မှဖြစ်၍ မှန်ကန်ခြင်း ၊ ခံနိုင်ရည်ရှိခြင်းကိုပြသည်။
အစိမ်း = သစ်ပင်မှဖြစ်၍ ဘ၀နှင့်ကြီးပွားတိုးတက်ခြင်းကိုပြသည်။
ခရမ်း = မင်းခမ်းမင်းနားတို့နှင့် တိတ်ဆိတ်သောဧည့်ခံမင်္ဂလာပွဲတို့ကိုပြသည်။
အဖြူ = သန့်ရှင်းဖြူစင် ၊ ငြိမ်သက်တည်တံ့ရာကိုပြသည်။
အနက် = ၀မ်းနည်းခြင်းအထိမ်းမှတ်ကိုပြသည်။
သင်၏နှစ်သက်သောအရောင်ကိုပြန်စဉ်းစားပြီးနောက် သင်၏သဘောထားကိုပြန်လည်စစ်ဆေးကြည့်ပါ။ အနီကဲ့သို့ အရေးကြီးသုတ်ပြာနေတတ်သလား။ (သို့မဟုတ်)အပြာကဲ့သို့ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သလား။
လိုက်ဖက်စွာဝတ်ဆင်ခြင်း
ဝလျှင်ပျော့သောအထည်များကိုဝတ်ဆင်၍ ပိန်လျှင်မာထူသောအထည်များကိုဝတ်ပါ။အရပ်ရှည်လွန်းသူတို့မှာ မက်တပ်ခင်းလုံချည်မ၀တ်ရ။ ပုလွန်းသူကား ကန့်လန့်စင်းလုံချည်ကိုမ၀တ်ရ။ မိုးရာသီတွင် အ၀ါရင့် ၊ အစိမ်းရင့် ၊ ခရမ်းစသော တောက်ပသောအရောင်အထည်များကို အသုံးပြု၍ နွေရာသီတို့၌ ဖျော့သော အစိမ်း ၊ အ၀ါ ၊ အပြာ ၊ လိမ္မော် စသည်တို့ကို အသုံးပြုဝတ်ဆင်နိုင်သည်။
ထပ်ဆင့်တင်ပြအပ်ပါသည်

No comments:

Post a Comment