Tuesday, May 1, 2012

ငါးမိနစ် အတွင်း စိတ်ခံစားမှု ကောင်းစေမည့် အချက် ၁၀ ချက်

ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် စိတ်ရှုပ်ထွေးမှု တွေကတော့
ကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို အကြာကြီး အချိန်ဆွဲ မထားဘဲ အောက်ပါ
နည်းလမ်းတွေကို သုံးကြည့်ပါ။ ငါးမိနစ်လောက်နဲ့ စိတ်ခံစားမှု ကောင်းလာ
နိုင်ပါတယ်။

*၁။ အပြင်ထွက် လမ်းလျှောက်ပါ*
စိတ်ရှုပ်ထွေးလာချိန်မှာ တစ်ယောက်တည်း အပြင်ကိုထွက်ပြီး လမ်းလျှောက်ကာ
ပတ်ဝန်းကျင်က လတ်ဆတ်တဲ့ လေကို ရှူရှိုက်လိုက်ပါ။ သင့် အလုပ်စားပွဲက အလုပ်တွေ၊
အိမ်ထဲက ပြဿနာတွေ၊ လူမှုရေး ကိစ္စတွေကို ခဏလောက် မေ့ပြီး ခန္ဓာကိုယ်
နွေးထွေးတဲ့အထိ လမ်းလျှောက်လိုက်ပါ။
*၂။ သီချင်းနားထောင်ပါ*
မြူးကြွတဲ့ သီချင်းဖွင့်ပြီး မျက်စိမှိတ်ကာ ကခုန်လိုက်ပါ။ ဒါမှမဟုတ်
လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်လိုက်ပါ။
*၃။ ဟာသလုပ်ပါ*
ရိုင်းစိုင်းတဲ့ အပြုအမှုမျိုး မဟုတ်ဘဲ သွက်လက်တဲ့ အမူအရာတွေနဲ့ ဟာသပြုလုပ်ရင်း
မိတ်ဆွေတွေနဲ့ စကားပြောပါ။ သင်ရဲ့ပြောင်းလဲတဲ့ အမူအရာကြောင့် သင့် မိတ်ဆွေတွေက
သင့်က တန်ပြန်ဟာသတွေ ပြောနေပါလိမ့်မယ်။

*၄။ လက်ဖက်ရည်သောက်ပါ*

ကော်ဖီထက် စိတ်ခံစားမှု ကောင်းစေတာက လက်ဖက်ရညပါ။ လေ့လာမှုတွေအရ လက်ဖက်ရည်ကြမ်း
တစ်နေ့ကို လေးခွက် သောက်သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းကို
လျှော့ချပေးနိုင်ကြောင်း သိခဲ့ရပါတယ်။
*၅။ ရေစိမ်ချိုးပါ*
အေးမြတဲ့ ရေပန်းအောက်မှာ နှစ်မိနစ်လောက် မျက်နှာကမော့ပြီး မျက်နှာပေါ်ကျလာတဲ့
အေးမြတဲ့ရေကို ခံစားကြည့်ပါ။ စိတ်ခံစားမှု တကယ်ပဲ ကောင်းစေပါတယ်။

*၆။ အရောင်တောက်တာတွေ ဝတ်ဆင်ပါ*

သစ်လွင် တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
*၇။ သံပရာရနံ့ရှူပါ*
သံပရာရနံ့ပါတဲ့ လိုးရှင်းတွေဟာ စိတ်ကို ကြည်လင်စေပါတယ်။ ဗီတာမင်စီဟာ
သောက်သုံးရာမှာ အကျိုးရှိရုံသာမက ရနံ့ကြောင့်လည်း လူကို လန်းဆန်းစေပါတယ်။
သံပရာ၊ သံပရိုနံ လိမ္မော်သီးတွေရဲ့ ရနံ့ကို ရှူပါ။
*၈။ အနားယူပါ*
ထိုင်ခုံ တစ်ခုပေါ်မှာ ထိုင်ပြီး နောက် ကျောတွေကို မှီလိုကကာ ဦးခေါင်းကို
နောက်မှီ ထိုင်ခုံပေါ် မော့လိုက်ပြီး မျက်စိ မှိတ်ထားလိုက်ကာ အသက်ကို
ပုံမှန်ရှူပြီး ခဏမှိန်းနေပါ။

*၉။ ချောကလက်စားပါ*

ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့
အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် အနက်ရောင် ချောကလက် တစ်လက်မလောက်
စားပေးပါ။

* ၁၀။ အကြောဆန့်လေ့ကျင့်ခန်း လုပ်ပါ*

ဘယ်နဲ့ညာ လက်ချောင်းလေးတွေ တစ်ခုနဲ့တစ်ခု ယှက်ပြီး ဆန့်တန်း ထုတ်တဲ့
လေ့ကျင့်မှုမျိုးတွေနဲ့ အကြောဆန့်တဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ငါးမိနစ်လောက်
ပြုလုပ်ပေးပါ။
Ref: Fwd Mail မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment