Tuesday, August 14, 2012

အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့ ခက်ခဲ


အိုသွေး ပိုင်ရှင် အမျိုးသမီးများ ကလေးရဖို့  ခက်ခဲ











နယူးယောက်မြို့ The Albert Einstein College of Medicine မှ သုတေသီ များက အိုသွေး ပိုင်ရှင် အမျိုးသမီးများဟာ အခြားသွေး အုပ်စုပိုင်ရှင် အမျိုးသမီး များထက် မမျိုးဥအရေအတွက်နှင့် အရည် အသွေး ပိုမိုလျော့ နည်းနေကြောင်း တွေ့ရှိခဲ့ ရပါတယ်။
ဒါဟာ အမျိုးသမီးတွေမှာ သွေးအုပ်စုဟာ သူမရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းကို လွှမ်းမိုးမှုရှိကြောင်း ပထမဦး ဆုံးတွေ့ ရှိမှု ဖြစ်ပါ တယ်။ နှိုင်းယှဉ်ပြီး ပြောရရင် အေသွေး ပိုင်ရှင် အမျိုးသမီးများကတော့ အခြားသွေး အုပ်စုပိုင်ရှင်တွေထက် အရည်အသွေး ရော၊ အရေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ မမျိုးဥတွေ ကို ပိုင်ဆိုင်ပါတယ်။ အိုသွေးပိုင်ရှင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်းဟာ အသက်အရွယ် ကြီးရင့်လာ တာနဲ့အမျှ ကျဆင်းလာတာကြောင့် အိုသွေးပိုင်ရှင် အမျိုးသမီး များအနေနဲ့ ကလေးကို စောစီးစွာယူသင့်ကြောင်း သိရပါတယ်။

No comments:

Post a Comment