Saturday, August 11, 2012

လူအများစု အဓိက ကြောက်သော ထိပ်တန်း ကျန်းမာရေး ပြဿနာများ


လူတိုင်း လိုလိုဟာ သူတို့ ကျန်းမာရေး နဲ့ပတ်သက် ပြီး စိုးရိမ် ပူပင်မှုတွေ ဖြစ်တတ် ကြပါတယ်။ လေ့လာမှုအရ လူအများစု ဟာ အောက်ပါကျန်းမာရေး ပြဿနာ တွေ ဖြစ်မှာကို အကြောက်ဆုံးဖြစ်တယ် လို့ သိရပါတယ်။

(၁) နှလုံးရောဂါ ထခြင်း
နှလုံးရောဂါက လူအများစုကြောက် တတ်ကြပါတယ်။ အသက်ကြီးလာတာ၊ လိင်အမျိုးအစား(အမျိုးသားတွေက ငယ် ရွယ်စဉ်မှာ နှလုံးရောဂါထနိုင်ခြေ ပိုများ ပါတယ်။)တွေကြောင့် နှလုံးရောဂါဖြစ် နိုင်ခြေ များသလို မျိုးရိုးဗီဇ၊ ဘဝနေထိုင် စားသောက်မှုပုံစံ(ဥပမာ- ဆေးလိပ်နဲ့ အ ရက်သောက်တာ၊ စိတ်ဖိစီးမှုများတာ) အဝလွန်တာ၊ သွေးတိုးတာ၊ သွေးတွင်း သကြားဓာတ်များတာ စတဲ့ အချက်တွေ က နှလုံးရောဂါဖြစ်နိုင်ခြေ များတဲ့ အဓိ က အချက်တွေ ဖြစ်ပါတယ်။
(၂) ဆီးချိုသွေးချိုရောဂါ
လူအများစုဟာ တစ်သက်လုံး အ စားအသောက်ရှောင်ရပြီး ရာသက်ပန် ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့လိုတဲ့ ဆီးချိုသွေးချိုရောဂါဖြစ်မှာကိုလည်း စိုး ရိမ်တတ်ကြပါတယ်။
(၃) မသန်စွမ်းခြင်း
မတော်တဆထိခိုက်မှုဖြစ်တာ၊ အ သက်ကြီးလာတာ၊ ကျန်းမာရေးမကောင်း တာ(ဥပမာ-လေဖြတ်တာ)တို့ကြောင့် မ သန်စွမ်းတဲ့သူ ဖြစ်သွားနိုင်ခြေ များပါ တယ်။ ဒီလို မသန်စွမ်းမှုဖြစ်မှာကိုလည်း လူတွေ ကြောက်တတ်ပါတယ်။
(၄) စိတ်ကျရောဂါ
စိတ်ကျရောဂါက တခြားပြင်းထန်တဲ့ နာမကျန်းမှုတွေနဲ့ တွဲဖြစ်တတ်သလို စိတ် အခြေအနေကြောင့်လည်း ဖြစ်တတ်ပါ တယ်။ စိတ်ကျရောဂါဖြစ်ရင် ဘာကိုမှ မ လုပ်ချင်၊ မကိုင်ချင်ဖြစ်ကာ ဘဝမှာ နေထိုင် ရတာ မပျော်မွေ့တာမျိုး ဖြစ်တတ်တဲ့ အ တွက် လူတွေက ဖြစ်မှာစိုးရိမ်ကြတာပါ။
(၅) အဆစ်ရောင်နာ၊ အရိုးပါးရောဂါ၊ အဆစ်ကိုက်ခြင်း
အဆစ်ရောင်တာ၊ ကိုက်တာစတာ တွေဖြစ်ပြီး တစ်ကိုယ်လုံးနာကျင်နေရင် လည်း သွားလာလှုပ်ရှားရတာ အဆင်မ ပြေတဲ့အတွက် လူအများစုက ဒီဝေဒနာ တွေ ဖြစ်မှာ စိုးရိမ်ကြပါတယ်။
(၆) ပူပင်သောကများခြင်း
ပူပင်သောက ကင်းကင်းနဲ့ နေဖို့ ဆု တောင်းတဲ့သူတွေ များပါတယ်။
(၇) အရေပြားပြဿနာများ
အလှပျက်ရသလို ကျန်းမာရေး ထိ ခိုက်မှုဖြစ်တတ်လို့ မဖြစ်ချင်ကြတာပါ။
(၈) ကင်ဆာ
အသက်အန္တရာယ်ကို ထိခိုက်စေ နိုင်တယ်ဆိုတဲ့ အသိကြောင့် ကင်ဆာဖြစ် မှာ ကြောက်ရွံ့ကြပါတယ်။
(၉) အယ်လ်ဇိုင်းမားရောဂါ၊ သူငယ် ပြန်ခြင်းနှင့် အိုမင်းခြင်း
အသက်ကြီးလာရင် ဖြစ်တတ်တဲ့ ဒီ ရောဂါတွေက ဘဝသက်တမ်းကို ယုတ် လျော့စေနိုင်တာကြောင့် ဖြစ်မှာ စိုးရိမ် ကြတာပါ။
(၁၀) ဗိုင်းရပ်စ်ပိုး ဝင်ခြင်း
HIV အပါအဝင် ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရမှာကိုလည်း လူတွေ ကြောက် ရွံ့တတ်ကြပါတယ်။ တကယ်တော့ ဒီကျန်း မာရေးပြဿနာတွေ ဖြစ်မှာကို ကြောက်ရွံ့ နေရုံနဲ့ မပြီးသေးပါဘူး။ မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဖြစ်လာရင် ဘယ် လိုရင်ဆိုင်ကုသမှုခံယူပြီး ကျော်လွှားနိုင် အောင် ကြိုးစားမယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတကိုလည်း ရှာမှီးထားသင့်ပါတယ်။

No comments:

Post a Comment