Thursday, August 23, 2012

ကလေးငယ်များ အစားအသောက်နှင့် အိုင်ကျူ ဆက်စပ်နေ


ကလေးငယ် များအား၂၄လ (အသက်၂နှစ်) အထိ ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များ ကျွေးမွေးပြီး အသက်ရှစ်နှစ် အရွယ်တွင် စစ်ဆေးကြည့်ရာ ၌ ယင်းကလေး များမှာ အိုင်ကျူ မြင့်မားနေကြောင်း ဩစတြေးလျ သုတေသီများ က တွေ့ရှိခဲ့ကြသည်။ အက်ဒီလေ့ဒ် တက္ကသိုလ် မှ ဒေါက်တာလီဆာစမစ်သာတို့ အဖွဲ့က ကလေးပေါင်း ၇ဝ၀ဝအားလေ့လာပြီး အစဉ်အလာအား ဖြင့် ကလေးများ ကိုကျွေးသည့် အစားအစာ၊ ကလေးအတွက် အသင့် ပြင်ဆင် ထားသောအစားအစာ ၊မိခင်နို့တိုက်ကျွေးခြင်းနှင့်အသင့် စားအစားအသောက်များ ကျွေး မွေးခြင်း စသည်တို့ကို ခွဲခြားလေ့ လာခဲ့သည်။

" ကလေးအသက် ၂နှစ် အတွင်း မှာဦးနှောက် တစ်ရှူးတွေဖွံ့ဖြိုး ဖို့ အာဟာရဓာတ်တွေလိုအပ်ပါတယ်။ အစားအသောက်တွေက ကလေးရဲ့ အိုင်ကျူအပေါ် ဘယ်လို သက်ရောက် သလဲဆိုတာ သိ ချင်လို့ အခုလို လေ့လာခဲ့တာပါ" ဟု ဒေါက်တာစမစ်သာကပြော ကြားသည်။ ခြောက်လအထိ မိခင်နို့တိုက်ကျွေးပြီး ကလေးအစာစား သည့်အခါ ပဲအမျိုးမျိုး ချိစ်များထည့်ကျွေးပြီး ၁၅လနှင့် ၂၄ လ အကြား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသောက်ရ သည့် ကလေးများမှာ အသက်ရှစ်နှစ် အရွယ်တွင် အိုင်ကျူနှစ်မှတ် ပိုမိုမြင့်မားနေကြောင်း သုတေသီများက ပြောကြားသည်။ ဘီစကစ်၊ ချောကလက်၊ အအေးဘူးများနှင့် အသင့်စား အာလူးကြော်ကဲ့သို့ အစားအသောက်များသာ စားသုံးခဲ့ရသော ကလေးငယ်များတွင် အိုင်ကျူနိမ့်နေသည်ကိုတွေ့ရသည်ဟု သု တေသီများကပြောသည်။

No comments:

Post a Comment