Thursday, August 23, 2012

အိပ်ရာမဝင်မီ ၁၅ မိနစ် အချိန် ပေးကြည့်ပါ


ညအိပ်ရာ ဝင်ခါနီး ၁၅ မိနစ် လောက် အချိန်ပေး ရုံမျှနှင့် တစ်ည တာလုံး သမားရိုးကျနည်းဖြင့် မျက်နှာ အသား အရေပြုပြင် ထိန်းသိမ်း မှုပေးနိုင် တဲ့ နည်းလမ်း တွေ ရှိပါတယ်။ သဘာ ဝနည်းဖြင့် အသားအရေလှပ စိုပြည် စေနိုင်တဲ့ ထိန်းသိမ်းမှုလေးတွေကို ယခုအပတ် ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက်တွေမဆိုထားနဲ့ အသက် ၄၀ ကျော် လေဒီကြီး တွေတောင် မိတ်ကပ်ကို အားထား ရပါတယ်။ ဒါပေမယ့်လည်း အဲဒီ မိတ်ကပ်တွေကို ဓာတုပစ္စည်းမပါ သဘာဝပစ္စည်းတွေနဲ့သာ ထုတ် လုပ်ထား တာဖြစ်ကြောင်း ဘယ်လိုပဲ ထပ်လောင်းကြော်ငြာ ကြော်ငြာ ပေ မယ့် တာရှည်ခံဓာတုပစ္စည်း မပါဝင် ဘဲနဲ့ ထုတ်လုပ်လို့မရတာတော့ အမှန် ပါပဲ။ ကောင်တာ ခုံပေါ်က စမ်းသုံးကြည့် ဖို့ခွင့်ပြုထားတဲ့ အလှကုန် Testerများ အား တစ်ခုချင်းသေချာလေ့လာကြည့် ပါ။
အလှကုန်တွေဟာထုတ်လုပ်ပြီးကာ စ ကာလတွေမှာ အနံ့ကောင်းပေမယ့် အချိန်ကြာလာလေလေ ဓာတုအနံ့ တွေ၊ ဆီချေးအနံ့တွေထွက်လာလေ လေပါပဲ။ ဒါ့ကြောင့် မိမိဝယ်ထားတဲ့ မိတ်ကပ်၊ အလှကုန်တွေကို ကပ်စေး နှဲပြီး နည်းနည်းလေးချင်းစီ နှစ်ရှည် လများ လိမ်းတတ်တဲ့သူတွေကတော့ ဒီလိုအနံ့တွေထွက်လာတာကို သတိ ထားမိကြမှာပါ။ တစ်နေကုန် အပြင်ထွက်ပြီး နေဒဏ်၊ လေဒဏ်၊ မိတ်ကပ်ဒဏ်၊ အဆီပြန်မှုဒဏ်၊ လမ်းမပေါ်က ဓာတ်ဆီဒီဇယ်ဆီငွေ့၊ ဆေးလိပ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တွေရဲ့ဒဏ်ကို ခံခဲ့ရပြီးနောက် အိမ် ပြန်ရောက်ချိန်မှာ မိမိတို့ရဲ့ အရေပြား ကို ကြင်နာစွာ ပြုစုစောင့်ရှောက်ဖို့ လိုပါတယ်။ အလုပ်ကပြန် ကျောင်းကပြန် လာရင်လူက နုံးချည့်နေပါပြီ။ စိတ်ရော လူပါပင်ပန်းနေချိန်ဖြစ်ရင် အိပ်ရာထဲ ထိုးအိပ်ဖို့လောက်ပဲ စဉ်းစားနေတတ် ပါတယ်။ ဒါပေမယ့် အသားအရေ လှပစိုပြည်ဖို့အတွက် တစ်နေ့တာ ၂၄ နာရီထဲက ၁၅ မိနစ်လောက် တော့ အချိန်ပေးသင့်ပါတယ်။
 အိပ်ရာ မဝင်မီ မျက်နှာသစ်ပါ
အိပ်ရာထဲ တန်းမဝင် လိုက်ပါနဲ့။ ရေမချိုးဖြစ်ရင်တောင် မျက်နှာလေး ပေါ်က စိမ့်ဝင်နေတဲ့ မိတ်ကပ်တွေ၊ Moisturizer တွေ၊ Sunscreen တွေ ပြောင်စင် သွားအောင် မျက်နှာ သစ် သန့်စင်ဆေးနဲ့ အသေအချာ သစ်ပေးပါ။ မိတ်ကပ် အြွကင်းအကျန် တွေ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတွေက သင့်အရေပြား ရှိ ချွေးပေါက်လေးတွေ ကို ပိတ်ဆို့ သွားစေနိုင် တာမို့ သေ ချာသန့်စင်ဆေးကြောပေးဖို့လိုအပ်ပါ တယ်။ လိုအပ်လျှင် Cotton Pad ဂွမ်းလုံးလေးတွေသုံးပြီး ဖယ်ရှားပါ။ သန့်စင်ဆေးကြောရာမှာ ညင်သာ နူးညံ့စွာကိုင်တွယ်ပါ။
 ကိုလေဂျင်အမျှင်ထုတ်လုပ်မှုကို အားပေးတဲ့ ဗီတာမင် A ပါတဲ့ အလှကုန် သုံးပါ
 အသက်ရလာတော့ အားလုံးသိ တဲ့အတိုင်း မျက်နှာနှင့် လည်ပင်းကို တင်းတင်းရင်းရင်းဖြစ်အောင် ထောက် ကန်ပေးထားတဲ့ ကိုလေဂျင် အမျှင် တွေ လျော့ ရဲလာပါပြီ။ ဒါ့ကြောင့် အသားအရေကို တင်းရင်းစေတဲ့ ဗီတာမင် A ဓာတ်စာများကို စားပေး ရပါမယ်။ ဗီတာမင် A ဓာတ် ထည့် သွင်းထားတဲ့ အလှကုန်တွေကို ည အိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရမယ်။ ကိုလေဂျင်ဟာ အသားအရေတင်းရင်း ဖို့အတွက် အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ ကိုလေဂျင်ထုတ်လုပ်မှု များလေလေသင့်မှာအရေးအကြောင်း၊ အတွန့်အလိပ်နည်းလေလေဖြစ်ပါ တယ်။ ကိုလေဂျင်ထုတ်လုပ်မှုကို အား ပေးတဲ့ ညလိမ်းခရင်မ်တွေဟာ နေ့ လိမ်းခရင်မ်တွေထက် အသားအရေကို ပိုမိုတင်းရင်းစေနိုင်ပါတယ်။
 အရေးအကြောင်းနည်းအောင် ဘယ်လို အိပ်သင့် ပါသလဲ
မှောက်အိပ်တဲ့အခါနဲ့ စောင်း အိပ်တဲ့အခါတွေမှာ အရည်တွေက မှောက်အိပ်တဲ့၊ စောင်းအိပ်တဲ့မျက်နှာ ဘက်မှာစုသွားပြီး အရေးအကြောင်း အတွန့်အလိပ်အပြင် မျက်နှာကြီး မို့အစ်လာတတ်ပါတယ်။ ဒါ့ကြောင့် အသားအရေလည်း တင်းတင်းလေး ဖြစ်၊ ဦးခေါင်းနောက်စေ့လည်း အနေ တော်ပုံစံတကျ အခွက်ကလေးထဲ ဝင်အောင် အလယ်မှာချိုင့်တစ်ခုပါတဲ့ ခေါင်းအုံးမျိုး ရှာဝယ်အုံးနိုင်ရင် ပို အဆင်ပြေပါလိမ့်မယ်။ စောင်းအိပ် တတ်တဲ့သူမို့ စောင်းအိပ်မယ်ဆိုရင် ဘယ်နှင့်ညာ တစ်လှည့်စီပြောင်းပြီး စောင်းအိပ်ဖို့တော့ လိုပါတယ်။ တစ် ဖက်တည်းချည်းစောင်းအိပ်မယ်ဆိုရင် ဥပမာ အမြဲဘယ်ဘက်စောင်း အိပ် တတ်ရင် မျက်နှာရဲ့ဘယ်ဘက်ခြမ်းမှာ အရေးအကြောင်းပိုများလာတတ်ပါတယ်။ ညာသန်ဆိုရင်လည်း ညာဘက်မှာ အရေး အကြောင်းများ တတ်ပါတယ်။ အကောင်းဆုံးကတော့ နောက် ကျော ပခုံးတစ်ဝက်ခန့်မှာ ခေါင်းအုံး ထားပြီး မေးလေးအပေါ်ဘက်မော့၊ ဦးခေါင်းနောက်လှန်ချ အိပ်နိုင်ခြင်းဟာ မျက်နှာအရေးအကြောင်းများတင်မက လည်ပင်းရှိအရေး အကြောင်းများကိုပါ လျော့ကျစေ နိုင်ပါတယ်။ မယုံလျှင် ဦးခေါင်းနောက်လှန်ချပြီး အိပ်ကြည့်ပါ။ သိသာစွာ မျက်နှာလေးတင်းရင်းလာ တာကို တွေ့ရပါမယ်။
စိတ်ကလေးပျော်အောင် မွေးမြူထားပါ
မျက်နှာလေး ကြည်စင်နေစေ လိုပါက ' စိတ်ပျိုမှကိုယ်နု' ဆိုသလို စိတ်ရွှင်လန်းနေဖို့ လိုပါတယ်။ စိတ်က အမြဲရွှင် လန်းပျော်ရွှင်နေ ပါက မျက်နှာလေးမှာ အရေး အကြောင်း နည်းစေ ပါတယ်။ ဘဝမှာ ပျော်ပျော် နေတတ်ထိုင်တတ် စိတ်ထားတတ်ပါ မှလည်း ဘဝမှာ ပျော်ရွှင်စရာအဖြစ် အပျက်တွေနဲ့ကြုံတွေ့ရမှာပါ။ အရာ အားလုံးကို အပြစ်မြင်နေမယ်ဆိုရင် စိတ်ညစ်စရာတွေချည်းပဲ ဖြစ်လာနေ မှာပါ။ ဒါ့ကြောင့် ဟာသဝတ္ထုတွေ၊ ဟာသပြဇာတ်လေးတွေ၊ တီဗီစီးရီး တွေကို လူကြိုက်များကြတာဖြစ်ပါ တယ်။ ဘဝအမောလေးတွေကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပါမှ ပျော်ရွှင်အေးချမ်းနိုင်ပါလိမ့်မယ်။ သူငယ်ချင်းနဲ့ စကားစမြည်ပြောဆို တာ၊ ပျော်ပွဲစားထွက်တာ၊ ချောက လက် ခါးခါးလေးစားတာ၊ အလှကုန် ပစ္စည်းလေးတွေအကြောင်း ဆွေး နွေးတာ၊ ဈေးဝယ်ထွက်ဖို့ ချိန်းတာ တွေကလည်း မိမိတို့ရဲ့ စိတ်ကို အာဟာရဖြည့်တင်းပေးသလို ဖြစ်စေ ပြီး စိတ်ကို ပျော်ရွှင်စေကာ စိတ် ညစ်စရာတွေကိုလည်း အာရုံမရောက် တော့ပါဘူး။

No comments:

Post a Comment