Wednesday, August 22, 2012

ဆပ်ပြာတွင် ပါဝင်သည့် ဒြပ်ပေါင်း တစ်မျိုး ကြွက်သား အားနည်းနိုင်


၁၉၇၀ ပြည့်နှစ်က စတင်ပြီး ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Triclosan ကို Antibacterial Soap ဘက်တီးရီး ယားပိုး များသေစေတဲ့ ဆပ်ပြာများ၊ တစ်ကိုယ် ရည် သန့်ရှင်းရေးပစ္စည်း များဖြစ်သော ချွေးနံ့ပျောက်ဆေး များ၊ ပလုတ်ကျင်းဆေးရည်များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။
မကြာသေးမီက တွေ့ရှိခဲ့တဲ သုတေသနတစ်ခုအရ ထိုဒြပ်ပေါင်းဟာ ပြည်သူ့ကျန်းမာ ရေးအတွက် ထိခိုက်စေနိုင်တယ်ဆို တာကို သိရှိခဲ့ပါတယ်။ Triclosan ဒြပ်ပေါင်းဟာ လူများနှင့်ြွကက်များ တွင် ကြွက်သား လုပ်ငန်းဆောင်ရွက် ချက်များကို အနှောင့်အယှက်ဖြစ်စေ ကြောင်း တွေ့ရှိထားပါတယ်။ ငါးများ တွင် ရေကူးနိုင်စွမ်း နှေးကွေးသွား တာကို တွေ့ရှိခဲ့ပါတယ်။ နှလုံြးွကက် သားများ ကျုံနိုင်စွမ်းအားလျော့နည်း သွားတဲ့ အတွက် နှလုံးရောဂါနှင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းတို့ နှင့် ဆက်စပ်နေကြောင်း တွေ့ရှိ ထားပါတယ်။
ရေချိုးခန်းသုံး ပစ္စည်း များ၊ မီးဖိုချောင်သုံးပစ္စည်းများမှာ လည်း ပါဝင်နေတဲ့ ထိုဒြပ်ပေါင်းဟာ ထိုကုန်ပစ္စည်းများအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်ပေါင်း မဟုတ်ကြောင်း သိရှိ ရပါတယ်။ ထိုဒြပ်ပေါင်းများ မပါ ဝင်စေဘဲ ပစ္စည်းများထုတ်လုပ်ရန် အနောက်နိုင်ငံများတွင် ညွှန်ကြား ချက်များထုတ်ပြန်နေပြီ ဖြစ်ပါတယ်။ လူအများအနေနဲ့လည်း ထိုဒြပ်ပေါင်း မပါဝင်သော ကုန်ပစ္စည်များကိုသာ ရွေးချယ်အသုံးပြုရန် သုတေသီများ က အကြံပေးထားပါတယ်။
ဇင်မာမြင့် Ref:Foxne

No comments:

Post a Comment