Saturday, September 8, 2012

ကော်ဖီ သောက်ခြင်းကြောင့် အူမကြီး ကင်ဆာကို ၄၀% အထိ လျှော့ချနိုင်


နေ့စဉ် ကော်ဖီခြောက်ခွက် သောက်တာကြောင့် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ လျော့ ကျနိုင်ကြောင်း သုတေသီတွေ က ဖော်ထုတ် လိုက်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက နေ့စဉ် ကော်ဖီလေးခွက် သောက်ရင် ကင်ဆာဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။
ကော်ဖီခြောက်ခွက် ဒါမှမဟုတ် ဒါထက်ပိုသောက်ခဲ့ရင် ရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။ အူမကြီးကင်ဆာဟာ သေဆုံးနိုင်ခြေများတဲ့ ရောဂါဖြစ်ပြီး ရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁၆၀၀၀ ခန့် သေဆုံးနေကြပါတယ်။ ရောဂါဖြစ်ခါစမှာ သတိပေး လက္ခဏာတွေကို လျစ်လျူရှုထားပြီး ရောဂါရင့်မှ ဆရာဝန်တွေဆီ သွားပြတတ်တာကြောင့်ပါ။
အဆီများတဲ့အစာနဲ့ အနီရောင် အသားစားတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေဟာ ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။ နောက်ဆုံး သုတေသန ပြုလုပ်ချက်အရ ကော်ဖီဟာ ရောဂါကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကဖင်းကို များများသောက်မိရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားတာကြောင့် နေ့စဉ် ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက် မပိုသင့်ကြောင်း လေ့လာသူတွေက အကြံပေးထားကြပါတယ်။

No comments:

Post a Comment