Friday, September 14, 2012

ကမ္ဘာ့ပထမဆုံး မျက်လုံးမဲ့ ပင့်ကူမျိုးစိတ်ကို ရှာဖွေတွေ့ရှိ


လွန်ခဲ့တဲ့ တစ်လခန့်က သိပ္ပံ ပညာရှင် များဟာ မျက်လုံးမျက်ဆံ လုံးဝမရှိတဲ့ ပင့်ကူမျိုးစိတ်ကို အရှေ့တောင် အာရှရှိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ 
လာအိုနိုင်ငံရဲ့ တောနက်ထဲက လိုဏ်ဂူ တစ်ခုထဲမှာ တွေ့ရှိ ခဲ့ပါတယ်။
ထိုပင့်ကူတွေရဲ့အရွယ်အစားကတော့ ခြေထောက်အရှည်(၆)စင်တီမီတာနဲ့ ကိုယ်ခန္ဓာကတော့ (၁၂)မီလီမီတာပဲဖြစ်ပါတယ်။ မျက်လုံးမဲ့ပင့်ကူများဟာ Huntsman Spider မျိုးနွယ်ဝင်ဖြစ်ပြီး သူတို့ကိုတွေ့ရှိခဲ့တဲ့ လိုဏ်ဂူဟာ အလင်းရောင်လုံးဝမရှိဘဲ အချိန်ပြည့်မှည်းမှောင်နေပါတယ်။
 ကမ္ဘာ့ပထမဆုံး မျက်လုံးမဲ့ ပင့်ကူမျိုးစိတ်ကို ရှာဖွေတွေ့ရှိ
သိပ္ပံပညာရှင်များဟာ အဆိုပါလိုဏ်ဂူထဲတွင် ယခင်ကမျက်လုံးမပါသော ကင်းမြီးကောက်နှင့် ကဏန်းမျိုးစိတ်တို့ကိုလည်း ရှာဖွေတွေ့ရှိဖူးကြောင်း သိရှိရပါတယ်။

No comments:

Post a Comment