Sunday, December 2, 2012

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ


မကြာခဏခေါင်းလျှော်ခြင်း
တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ပုံမှန်ခေါင်း လျှော်တာက သင့်ဦးရေပြား ပေါ်က အညစ်အကြေးတွေနဲ့ ချွေးတွေ ကို သန့်စင်စေနိုင်ပေမယ့် တစ်နေ့ တည်းမှာ နှစ်ကြိမ်လောက် ခေါင်းလျှော် တာမျိုးနဲ့ မကြာခဏဆိုသလို ခေါင်းလျှော်ရည်တွေနဲ့ ခေါင်း လျှော်နေ တာကြောင့် သင့်ဦးရေပြားခြောက်သွေ့ စေပြီး သဘာဝအဆီတွေကို ခန်းခြောက်စေနိုင်ပါတယ်။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ထ စေနိုင်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် လောက်သာ ပုံမှန်ခေါင်းလျှော်ပါ။

တင်းကျပ်စွာ စည်းနှောင်ခြင်း
ဆံပင်ကို တင်းတင်းကျပ်ကျပ် သားရေကွင်းတွေ နဲ့ စည်းနှောင် တာဟာ သင့်ဆံသားတွေကို ထက် ပိုင်းကျိုးတာမျိုးနဲ့ ပြတ်ထွက်တာ မျိုးတွေဖြစ်စေနိုင် ပါတယ်။ နေ့စဉ် ဆံပင်စည်းနှောင် တာမျိုးကြောင့် လည်း ဆံသားတွေ ပြတ်ထွက်စေတတ် ပါတယ်။ ခပ်လျော့လျော့သာ စည်းနှောင်ပေးပါ။
အရမ်းပွတ်တိုက်ခြင်း
ခေါင်းလျှော်ပြီးချိန်မှာ သင့်ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်တိုက် အခြောက်ခံ တာကြောင့် ဆံသားတွေကို ကြမ်းတမ်းကာ ပျက်စီးစေပါတယ်။ အရမ်းပူလွန်း တဲ့ လေမှုတ်အခြောက်ခံ တာဟာလည်း ဆံသားကို ပျက်စီးစေပါတယ်။ ခေါင်းလျှော်ပြီးချိန် ခပ်ဖွဖွသုတ် ပေးပြီး လေအေးနဲ့သာ အခြောက်ခံပေးပါ။
ဘာပြုပြင်မှုမှမရှိခြင်း
ခေါင်းလျှော်ချိန်မျိုးမှာ ခေါင်းလျှော်ရည်ကို ရေ အနည်းငယ်နဲ့ရောလိုက်ပြီး ဆံသားတွေကို အရင် ဆုံး ထိတွေ့စေပြီးမှ ဦးရေပြားပေါ်မှာ စက်ဝိုင်းပုံစံ လှည့်ပတ်နှိပ်နယ်ပေးကာ သန့်စင်ပေးသင့်ပါတယ်။ ဒါဟာ ပုံမှန်ဦးရေပြား သန့်စင်မှုပါပဲ။ ခုနစ်ပတ်လောက် ကြာတဲ့ အချိန်မျိုးမှာ သင့်ဆံပင်အဖျားတွေကို အနည်းငယ်လောက် ညှပ်ပေးပါ။ ဆံသားကို ပုံမှန်ရှင် သန်စေနိုင်ပါတယ်။ ဆံသားပျော့ပျောင်းမှုရှိစေဖို့ သဘာဝအဆီတွေကို ခေါင်းမလျှော်ခင် အချိန်မျိုး မှာ ၁၅မိနစ်လောက် ပေါင်းထားပေးနိုင်ပါတယ်။ ဒီလို အခြေခံပြုပြင်မှု လေးတောင်မရှိဘူး ဆိုရင်တော့ သင့်ဆံသားက ဘယ်လိုမှ ကောင်းမှာမဟုတ်ပါဘူး။

No comments:

Post a Comment