Sunday, December 2, 2012

မျက်ခုံးဖြူငှက်ပြာခြောက် မျိုးသုဉ်းမည့် အန္တရာယ်ရှိ


မျက်ခုံးဖြူငှက်ပြာခြောက် မျိုးသုဉ်းမည့် အန္တရာယ်ရှိမြန်မာနိုင်ငံ အနောက်ပိုင်း ချင်း ပြည်နယ် နတ်မတောင် ဒေသ အမျိုးသား ဥယျာဉ် တွင်သာ ကျက်စားသည့် ငှက်ဖြစ်သော မျက်ခုံးဖြူ ငှက်ပြာ ခြောက်မျိုးမှာ ပေ (၇၅၀ဝ မှ ၈၀ဝ)ကြား တွင် တွေ့ရပြီး မျိုးသုဉ်းမည့် အန္တရာယ် ရှိသော ငှက်မျိုးစိတ် ဖြစ်သည်။
အဓိက ငှက်များလျော့နည်းလာရ ခြင်းမှာ သစ်တောများ ပြုန်းတီးလာခြင်း၊ ဆည်မြောင်းများ၊ လယ်ယာမြေများ တိုး ချဲ့ပြုလုပ်လာခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ရောင်းချရန်အတွက် ဖမ်းဆီးခံရခြင်း၊ အိမ် မွေးတိရစ္ဆာန်အဖြစ် ဖမ်းဆီးခံရခြင်း၊ ပိုး သတ်ဆေးများ အသုံးပြုခြင်း (သီးနှံ၊ ငါး ဖမ်းခြင်း) တောမီးလောင်ခြင်း စသည့် လူ့ပယောဂနှင့် သဘာဝဘေး တို့ကြောင့် မျိုးသုဉ်းမှုများ ဖြစ်လာကြ သည်။
ပြီးနောက် သေးသွယ်ပြီး ရှည်သော အဖြူရောင် မျက်ခုံးပါရှိခြင်းကြောင့် မျက်ခုံးဖြူငှက်ပြာခြောက်ဟု ခေါ်ခြင်းဖြစ် သည်။ ဦးခေါင်း အောက်ပိုင်း ဘေးတစ် ဘက်တစ်ချက် အောက်ပိုင်းနှင့် ရင်ဘတ် အောက်ပိုင်း အဖြူရောင်ဖြစ်ပြီး၊ ရင် ဘတ် ဘေးပိုင်းတွင် နီမြန်းသော လိမ္မော် ရောင် ရှိသည်။ အမြီးအထက် အလယ် ပိုင်းသည် အဖြူများသည်။
မျက်ခုံးဖြူငှက် ပြာခြောက်များသည် အခြားငှက်များနှင့် မတူသော လှုပ်ရှားမှုများမှာ သစ်ပင်ပင် စည် အကိုင်းများတွင် တွယ်ကပ် သွား လာတတ်၍ ပိုးကောင်ငယ်များ ရှာစား တတ်ပြီး အမြင့်ပေ (၂၅၀ဝ) အထက် ဝက်သစ် ချတောနှင့် တောင်ဇလပ်တော များတွင် ကျက်စားလေ့ရှိသည်။

No comments:

Post a Comment