Friday, September 14, 2012

မီးခိုးငွေ့ နဲ့ ကျန်းမာရေး


မီးခိုးငွေ့ နဲ့ ကျန်းမာရေးအန်တီရေ...ဟိုကားကြီးက မီးခိုး မည်းမည်း ကြီးတွေ ထွက်နေတယ်။ သူ့ကား နောက်က မမောင်းနဲ့၊ တခြား လမ်းဘက်က ရှောင်မောင်းလို့ ရရင် မောင်း”။ ဟုတ်ပါရဲ့ ရှေ့ကကားက ဒီဇယ် အင်ဂျင် ကျနေလို့ အိတ်ဇောက မီးခိုးမည်းမည်းတွေ တောက်လျှောက် မှုတ်ထုတ်နေတာ မနည်းပါဘူး။ လူတွေ ဒီဇယ်အင်ဂျင် အိတ်ဇော ပိုက်ကထွက်တဲ့ မီးခိုးတွေကို ရှူရှိုက်မိ တာများရင် ကင်ဆာဖြစ်နိုင်တယ်။

ဒီဇယ်အင်ဂျင် အိတ်ဇောမီးခိုးငွေ့တွေ ဟာ မီးခံ ကျောက်ပြား၊ အာဆင်းနစ်နဲ့ တခြား ဒုက္ခပေးတဲ့ ဓာတ်ငွေ့တို့လို၊ ဆေးလိပ်ငွေ့တို့လိုပဲသေစေလောက်တဲ့၊ ဒုက္ခပေးနိုင်တဲ့ အခိုးအငွေ့တွေ ဖြစ် ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သိပ္ပံပညာရှင်တွေက ၁၂-၆-၂၀၁၂ ရက်နေ့က သတိပေး ထုတ်ပြန်လိုက် ပါတယ်။ ကျန်းမာရေးအတွက် လူသား တွေ နေထိုင်ရတဲ့ ပတ်ဝန်းကျင် သန့်ရှင်းလတ်ဆတ်မှုကလည်း အလွန် အရေးပါတဲ့အချက်ဖြစ်ပါတယ်။
ပတ်ဝန်းကျင်လေထုညစ်ညမ်းလေလေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ တွေ အဖြစ်များလေလေ ဖြစ်လာပါ တော့တယ်။ အထူးသဖြင့် တစ်နှစ် အောက်ကလေးငယ်များမှာ လတ်တ လော အသက်ရှူလမ်းကြောင်းရောဂါ တွေဟာ အသက်အန္တရာယ်ဖြစ်တဲ့ အထိ ဒုက္ခပေးနိုင်ပါတယ်။ လေထုထဲ မှာ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ စသည့် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ မီးခိုးတွေကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပေါ်လာစေပါတော့ တယ်။
မြို့ကြီးပြကြီးနေ လူထုအဖို့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ကား၊ ဆိုင်ကယ်၊ ကွန်တိန်နာကားတွေက ထုတ်လွှတ်နေတဲ့ ဒီဇယ်အင်ဂျင် အိတ်ဇောမီးခိုးတွေကို လေထုထဲက တစ်ဆင့် မသိမသာနှင့် နှစ်ရှည်လများ ရှူနေကြရပါတယ်။ ဒါ့အပြင် ဒီမီးခိုးငွေ့တွေတင်မက ဘဲ လူတို့ပတ်ဝန်းကျင်မှာ သုံးစွဲနေ ကြတဲ့ အရက်၊ ဆေးလိပ် မီးခံကျောက် ပြားတွေ၊ ထိုကျောက်မှုန့်နဲ့ ပြုလုပ် ထားတဲ့ လူ့အသုံးအဆောင်တွေ၊ အာဆင်းနစ်တွေနဲ့ ဓာတ်ငွေ့တွေဟာ တစ်နည်းနည်းဖြင့် ရောနှောပေါင်းစပ် မိတဲ့အခါ လူတွေကို ကျန်းမာရေး ထိခိုက်အောင် ပြုလုပ်လျက်ရှိပါတယ်။ ထိုဓာတုပစ္စည်းတွေ ပေါင်းစပ်ပြီး လူသားတွေအပေါ် ဆိုးကျိုးပေးခြင်း ကို လျော့ကျလာစေဖို့ ကမ္ဘာအနှံ့ တတ်နိုင်သမျှ မထိမတွေ့ မရှူရှိုက်မိ အောင် ထိန်းသိမ်းစောင့်ရှောက် ကူညီ ပေးရန် လိုအပ်တယ်လို့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်နေ ပါတယ်။
ဓာတ်ဆီ သို့မဟုတ် ဒီဇယ် ထည့်မောင်းရတဲ့ မီးစက်တွေ၊ ဆိုင် ကယ်၊ မော်တော်ဘုတ်၊ မြက်ရိတ်စက် စတဲ့ လူ့အသုံးအဆောင်ပစ္စည်း အမျိုး မျိုးက ထွက်လာတဲ့ မီးခိုးငွေ့တွေ ဟာလည်း လူတွေရဲ့ ကျန်းမာရေး ကို အတော်လေးဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို မသုံးမဖြစ် သုံးစွဲကြရတဲ့ ပတ်ဝန်းကျင် မှာ နေထိုင်ရသူတွေဟာ ဒီပစ္စည်းတွေကထွက်တဲ့ မီးခိုးဒဏ်ကို အမြဲခံရ လေ့ရှိပါတယ်။
၎င်းတို့ကနေ ထွက်လာတဲ့ နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်ငွေ့ တွေ၊ ဟိုက်ဒရိုကာဗွန်တွေနဲ့ အမှုန် အမွှားတွေက လူသားတွေရဲ့ အသက် ရှူလမ်းကြောင်းတစ်လျှောက် ရောင် ရမ်းခြင်း၊ ပိတ်ဆို့ခြင်း၊ အသက်ရှူ ကျပ်စေခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေ ခံစားဖြစ်ပေါ်စေပါတော့ တယ်။ တစ်ခါတစ်ရံ မိမိဘာကြောင့် ချောင်းဆိုးရတာလဲဆိုတာ သတိ မထားမိတတ်ဘဲ အအေးမိလို့ပဲလို့ ထင်တတ်ကြပါတယ်။
အမှန်တော့ အဲဒီဓာတ်ငွေ့တွေကို ရှူရှိုက်ပါ များရင်မှာ ဖော်ပြပါရှိပါတယ်။ သင့်အိမ်မှာ အန္တရာယ်ရှိစေနိုင် သော ဓာတ်ငွေ့ရှိ၊ မရှိ လွယ်လွယ် လေး စမ်းသပ်နိုင် ပါတယ်။ အိမ်မီးဖို ချောင်မှာ ဂက်စ်မီးဖိုရှိပါက ခလုတ် လှည့်ဖွင့်ကြည့်ပါ။ ဂက်စ်မီးအရောင် ဟာ ပြာလဲ့နေသင့်ပါတယ်။ တကယ် လို့ ဂက်စ်မီးရောင်ဟာ လိမ္မော်ရောင် သို့မဟုတ် အဝါရောင်အဖြစ် တွေ့ရ ပြီဆိုရင် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ အိမ်ထဲမှာရှိနေပြီဆိုတာကို သတိထားရ ပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဓာတ်ငွေ့အဖြစ်ကနေ အရည်အဖြစ် ပြောင်းလာလို့ပါပဲ။ မီးတောက်အဝါ ရောင်ဖြစ်လာ၊ လိမ္မော်ရောင်ဖြစ်လာရခြင်းဟာ မီးဖိုမှ မီသိန်းဓာတ်ငွေ့တွေကို လောင်ပစ်တဲ့အတွက် ဖြစ်ပါတယ်။
နောက်တစ်ခု စစ်ဆေးနိုင်တာက သင့်ဂက်စ်မီးဖိုလေး (အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ မီးဖို အသေးဆိုပါက) သူ့နံဘေးက ဂက်စ် ထည့်တဲ့ အိုးအသေးစားလေးကို ထုတ် ယူကြည့်လိုက်ရင် အောက်ခြေမှာ အရည်အစက်လေးတွေနဲ့ စိုနေပြီး ဂက်စ်အနံ့ပြင်းပြင်းကြီး ထွက်နေတာ ကိုပါ တွေ့ရပါလိမ့်မယ်။ ဂက်စ်အိုးကြီး သုံးတဲ့သူဆိုရင်လည်း ထို့အတူပါပဲ။ ဂက်စ်အိုးအောက်ခြေမှာ ကြည့်ပါက စိုနေတာ၊ မည်းနေတာလေးတွေ တွေ့ ရမှာဖြစ်ပြီး သတ္တုအိုးကိုစားပြီး လောင်စပြုနေပြီဆိုတာကို တွေ့နိုင် ပါတယ်။
ကားအိပ်ဇောငွေ့က အဆိပ် ဖြစ်စေနိုင်တဲ့ အငွေ့တွေဖြစ်တယ်ဆိုတဲ့ အသိ ဗဟုသုတ အတွေ့အကြုံကို လူတိုင်း သတိပြုမိကြပေမယ့် မိမိ သောက်လိုက်တဲ့ ဆေးလိပ်ကြောင့် မိသားစုတွေကိုရော၊ မိမိပတ်ဝန်းကျင် က လူတွေမှာပါ ဆေးလိပ်ငွေ့တွေရှူမိပြီး ကာလတာရှည်လာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ထိခိုက်လာ နိုင်တာကိုတော့ မေ့နေလေ့ရှိပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင်မှာ လူသားတွေကို အ္တရာယ်ဖြစ်စေမယ့် အငွေ့မှန်သမျှ ကင်းရှင်းအောင် အတတ်နိုင်ဆုံး ပြုပြင် ဖန်တီးနိုင်ရင် အကောင်းဆုံးဖြစ်ပါ တယ်။ အိမ်၊ လုပ်ငန်းခွင်၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း၊ ရုပ်ရှင် ရုံ၊ ပြဇာတ်ရုံ၊ ဘစ်ကားဂိတ်၊ သင်္ဘော ဆိပ်၊ လေဆိပ် စသည့် လူထူထပ်တဲ့ နေရာတွေနဲ့ တက္ကစီကားပေါ်မှာက အစ အသေးစိတ် ပြုပြင်နိုင်လေ ပို ကောင်းလေပါပဲ။
ခေတ်မီ တိုးတက် လာတဲ့ အလျောက် လူသားတွေ တီထွင်လိုက် တဲ့၊ ဖန်တီး လိုက်တဲ့ ပစ္စည်းတွေကပဲ လူသားတွေ အတွက် ဘေးထွက် ဆိုးကျိုး တွေ၊ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ် စေလာတာကို တဖြည်းဖြည်း သိလာကြပြီမို့ အဲဒီဘေးအန္တရာယ် တွေမှ ရှောင်ရှားပြီး သုံးစွဲကြပါစို့လို့ တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment